ဆန္ဒပြသူများကို အီရတ်လုံခြုံရေးတပ်က ကျည်အစစ်ဖြင့် ပစ်ခတ် လူစုခွဲ

659
အီရတ်နိုင်ငံတောင်ပိုင်း ဘာဆရာမြို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆန္ဒပြနေသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျည်အစစ်နဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း သိရပါတယ်။ ဆန္ဒပြသူ ၂၅၀ လောက်ဟာ ယာယီပြည်နယ်ကောင်စီ ရုံးချုပ်အဖြစ် အသုံးပြုတဲ့ အဆောက်အဦကို ၀န်းရံခဲ့ကြပါတယ်။
အဲဒီနောက် အကျင့်ပြခြစားမှုကို ဆန့်ကျင်ဆန္ဒပြပြီး အလုပ်အကိုင်နဲ့ ပိုမိုကောင်းမွန်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူတွေက အဓိကရုဏ်း နှိမ်နှင်းရေးမော်တော်ယာဉ်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
အီရတ်နိုင်ငံရဲ့ အစိုးရရုံးတွေရှိရာ ဘာဆရာမြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ အီရတ်နိုင်ငံအတွင်း အစိုးရလုပ်ငန်းတွေ ၀န်ဆောင်မှု ညံ့ဖျင်းတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လက မငြိမ်သက်မှုတွေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။