Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 15, 2018
မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ၇၇၄၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၀၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ် ပဲစင်းငုံနီ ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ၇၃၇၅၀၀ ပေါက်ဈေးရှိပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ၁ ပိဿာကို ၈၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၄၁၅ ကျပ်ကနေ ၁၉၂၀ ကျပ်ရှိပါတယ်။ ပြောင်းဆန် ပြောင်းဆန်ကတော့ ၁ ပိဿာကို ၁၀ ကျပ်ဈေး ကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၅၁၅ ကနေ ၅၃၀ ကျပ်ရှိပါတယ်။ ပဲလွန်းဖြူ ပဲလွန်းဖြူကတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၂၈၀ ကနေ ၁၃၃၀ ပေါက်ဈေးပြီး ၁ ပိဿာကို ၆၀ ကျပ်ဈေးတက်လာပါတယ်။ ကြက်သွန်နီ ကြက်သွန်နီ ၁ ပိဿာကို ၄၀၀ မှ ၁၁၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါသည်။ မုန်လာဥနီ အောင်ပန်းကုန်စည်ဒိုင်မှာ မုန်လာဥနီက ၁ ပိဿာကို ၃၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျ ဆင်းသွားပါသည်။ ခရမ်းချဉ်သီး အောင်ပန်းကုန်စည်ဒိုင်မှာ ခရမ်းချဉ်သီး ၁ ပိဿာကို ၁၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေး ကျဆင်းသွားပါသည်။ ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024