မြစ်ကြီးနားတွင် တရားမ၀င် ကျောက်စိမ်းအရိုင်းတုံး ၁၂ တန်ခန့် ဖမ်းမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ၂၁ မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ ၁၂ ဘီးယာဉ်တစီးပေါ်ကနေ တရားမ၀င် ကျောက်စိမ်းအရိုင်းတုံး ၁၂ တန်လောက် ဖမ်းဆီးမိခဲ့ပါတယ်။ တာဝန်ကျ ရဲအုပ်နိုင်လင်းထွန်း ဦးစီးပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက နမ္မတီးဘက်မှ မြစ်ကြီးနားကို ဆန်းဝင်းလှိုင် မောင်းနှင်ပြီး တူးခိုင် (ခ) ချက်ကြီး လိုက်လာတဲ့ ၁၂ ဘီးယာဉ်အား စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖြော်ပပါတယ်။ ယာဉ်ရဲ့ကြမ်းခင်းနဲ့ ကိုယ်ထည်ကြား အံဝှက် ပြုလုပ် သယ်လာတဲ့ ဆာလာအိတ် ၃၀၀ နဲ့ ထည့်ထားတဲ့ တရားမဝင်ကျောက်စိမ်း ရိုင်းတုံး ၁၂ တန်လောက် (တန်ဖိုး-စိစစ်ဆဲ) အား ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up