အွန်လိုင်းတရားမ၀င် ရောင်းချနေမှု စိစစ်အရေးယူပေးရန် ဒုသမ္မတထံ တင်ပြ

အွန်လိုင်းမှာ တရားမ၀င် ရောင်းဝယ်နေတာတွေကို စိစစ်အရေးယူပေးဖို့ မြန်မာနိုင်ငံအလှကုန် အသင်းဥက္ကဋ္ဌက ဒုသမ္မတဦးမြင့်ဆွေထံ တင်ပြလိုက်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်၊ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ လုပ်ခဲ့တဲ့ နိုင်င်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲမှာ တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံအလှကုန်အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက အွန်လိုင်းက တရားမဝင်ရောင်းချနေတာတွေကို စနစ်တကျစိစစ်ပြီး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း အရေးယူခြင်းများ မရှိသေးတဲ့အတွက် တရားမဝင် ရောင်းချနေတဲ့ ဈေးကွက်ဟာ နေ့စဉ်နဲ့အမျှ ကြီးထွားလာနေတယ်။ နိုင်ငံတော်အနေနဲ့လည်း အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးနေပြီး တချို့ တရားမဝင်ပစ္စည်းတွေမှာ အသားအရေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုကုန်ပစ္စည်းတွေ  ထည့်သွင်းထုတ်လုပ်ထားတယ်။ ဒါ့ကြောင့် အွန်လိုင်းမှာ တရားမဝင်ရောင်းချနေတာတွေကို သက်ဆိုင်ရာဌာနများအနေနဲ့ အမြန်ဆုံး ပူးပေါင်းညှိနှိုင်းစိစစ်အရေးယူဆောင်ရွက်ပေးပါလို့ ဒုတိယသမ္မတထံ တင်ပြခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်တွေဟာ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပြီး အခုတွေ့ဆုံမှုဟာ ၂၂ ကြိမ်မြောက်ဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up