သန်းခေါင်စာရင်းဆိုင်ရာ သတင်းအချက်အလက် ပြည်သူများ ရယူနိုင်ရေး သင်တန်းပို့ချ
DVB
·
December 15, 2018
သန်းခေါင်းစာရင်းကောက်ယူရာမှာ ပါဝင်တဲ့ အထောက်အကူပြု သတင်းအချက်အလက်တွေ၊ ပြည်သူတွေ ချက်ချင်းရနိုင်ဖို့ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFP က စစ်တွေမြို့မှာ သင်တန်းပို့ချခဲ့ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်းစားရင်း ကောက်ယူရာမှာ ပါဝင်တဲ့ အထောက်အကူပြု သတင်းအချက်အလက်တွေ ပြည်သူတွေ ချက်ချင်းရနိုင်ဖို့ သင်တန်းတခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA က တရက်တာ သင်တန်းပို့ချခဲ့ပါတယ်။
ဒီသင်တန်းကို ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA နဲ့ ပြည်သူ့အင်အား ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး NGO အဖွဲ့အစည်းတွေ၊ CSO လူမှုအရပ်ဘက် အဖွဲ့အစည်းတွေ သတင်းထောက်တွေအတွက် ဒီသင်တန်းတက်ရောက်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ့သင်တန်းမှာ သန်းခေါင်စာရင်း ကောက်ယူရာမှာပါဝင်တဲ့ အချက်လက်တွေကို ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲအသုံးပြူနည်းတွေကို သင်ကြားပေးခဲ့တာလို့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA ရဲ့ programme Specialist- Census .Mr Daniel Msonda ကပြောပါတယ်။
“ကျနော်တို့ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကနေပြီးတော့ သတင်းအချက် အလက်တွေ အများကြီးထုတ်ခဲ့ပါတယ်။ အစီရင်ခံစာတွေ စာအုပ်တွေလည်း အများကြီး ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဟာတွေကိုသုံးတဲ့ သူကတော့နည်းပါတယ်။ တချို့က အထူးသဖြင့် အချက်အလက်တိတိကျကျလေးကို တောင်းကြတာရှိပါတယ်။ သူတို့နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ အသးစိတ်တွေတောင်းခံလာကြတယ်။ ဒါပေမယ့် ဒီလိုတောင်းခံလာမှုအပေါ် ချက်ချင်းပြန်ပေးတဲ့အချိန် နှောင့်နှေးမှုတွေ ကြန့်ကြာမှုတွေရှိခဲ့ပါတယ်။ ဒီလိုအချက် အလက်တွေ သုံးပြုသူတွေအနေနဲ့ သူတို့လိုချင်တဲ့အချိန်မှာ ချက်ချင်းရနိုင်အောင် ဒီသင်တန်းကို စီစဉ် ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ စစ်တွေမှာလုပ်တဲ့ဟာက စစ်တွေမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ အချက်အလက် အသုံးပြုတဲ့သူတွေ ဒီသတင်းအချက်တွေ သုံးနိုင်အောင်အတွက် ရည်ရွယ်ပါတယ်”လို့ပြောပါတယ်။
အဲ့ဒီ့ဆော့ဝဲဖ်ဟာ ၂၀၁၈ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံအတွက် တီထွင် ရေးဆွဲပြီးစီးခဲ့တယ်လို့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA စီမံကိန်းအရာရှိ ဒေါ်ယုမြတ်မွန်က ပြောပါတယ်။
ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA စီမံကိန်းအရာရှိ ဒေါ်ယုမြတ်မွန်က ”လူသန်း ၅၀ (မြန်မာ့လူဦးရေ) ရဲ့ သတင်းအချက်အလက် ၁၀၀ ရာခိုင်း အချက်အလက်တွေ၊ အိမ်ထောင်စု ၁၁ သန်း သတင်း အချက်အလက်တွေ စုစည်းပြီးထည့်ထားပါတယ်။ လူဦးရေနဲ့ဆိုရင် ကျး/မဘယ်လောက်ရှိတယ်၊ အသက်အရွယ် လိင်အပိုင်အခြားအဲ့ဒါတွေပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတာတွေ အချက်အလက်တွေပါတယ်။ အဲ့ဒီမှာမပါတာကတော့ ဘာသာရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေ လူမျိုးရေးဆိုင်တဲ့အချက်အလက်တွေ မထည့်ပါဘူး” လို့ပြောပါတယ်။
မြန်မာနိုင်ငံ ပြည်နယ်အဆင့် မြို့နယ်၊ ခရိုင်အဆင့် သတင်းအချက်အလက်တွေ ပိုမိုသိရှိနိုင်မယ့်အပြင် ရခိုင်ပြည်နယ်အတွင်းမှာ စီးမံကိန်းတွေ ရေးဆွဲနေသူတွေ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ဆောင်နေသူတွေဟာ လူဦးရေနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေအခြေခံပြီး လုပ်ဆောင်နေတာကြောင့် ပိုပြီး အထောက်အကူပြုမယ်လို့ ဆိုပါတယ်။
ဒီ Software ဟာ ကွန်ပျူတာနဲ့ မိုဘိုင်ဖုန်းမှာလည်း Online, Offline, နှစ်မျိုးစလုံး သုံးလို့ရအောင် ထည့်သွင်းဖော်ပြထားသလို ရှာဖွေကြည့်ရှုတဲ့အခါမှာလည်း အလိုက်သင့် ရှာဖွေလို့ရအောင် စုစည်းတင်ပြထားတယ်လို့ ဆိုပါတယ်။
ဒီလိုသင်တန်းတွေကို နေပြည်နယ်တော်အပါအဝင် ကချင်းပြည်နယ်၊ ရန်ကုန်မြို့တွေမှာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA က သင်တန်းပို့ချခဲ့တာပါ။ စစ်တွေမှာ ပို့ချခဲ့တဲ့ ဒီသင်တန်းကိုတော့ ဒီနှစ်အတွက် နောက်ဆုံးပို့ချခဲ့တာဖြစ်ပါတယ်။