သီရိလင်္ကာဝန်ကြီးချုပ် နုတ်ထွက်တော့မည်ဟု သားဖြစ်သူပြော

FILE PHOTO: Sri Lanka's newly appointed Prime Minister Mahinda Rajapaksa waves at staff after participating in the ceremony to assume his duties as the Minister of Finance and Economic Affairs at the Finance Ministry in Colombo, Sri Lanka October 31, 2018. REUTERS/Dinuka Liyanawatte/File photo
သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပတ်ဆာဟာ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်တယ်လို့ သားဖြစ်သူက ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ဇန်န၀ါရီ ၁ ရက်နေ့မှာ အစိုးရယန္တရား ရပ်တန့်နိုင်ခြေရှိတာကို ရှောင်လွှဲဖို့ သမ္မတအနေနဲ့ ၀န်ကြီးချုပ်သစ် ခန့်အပ်ဖို့ တွန်းအားပေးတဲ့  လုပ်ရပ်လည်း ဖြစ်ပါတယ်။ သီိရိလင်္ကာနိုင်ငံမှာ သမ္မတက  ၀န်ကြီးချုပ် ၀ီခရီ မန်ဆင်းနေရာမှာ ရာဂျာပက်ဆာနဲ့ အစားထိုးခဲ့ပြီးကတည်းကစလို့ နိုင်ငံရေး အကျပ်အတည်းဖြစ်နေတာ ၁ လကျော်နေပါပြီ။ ၀န်ကြီးချုပ်သစ် ရာဂျာပက်ဆာကို လွှတ်တော်က အယုံအကြည်မရှိအဆို နှစ်ကြိမ် တင်သွင်းပြီး အဆို အနိုင်ရခဲ့ပေမယ့် ရာဂျာပက်ဆာဟာ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြား တိုင်းပြည်အတော်များများဟာလည်း ရာဂျာပက်ဆာရဲ့ အစိုးရကို အသိမှတ်မပြုကြဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up