ဟိုဒေးတာဆိပ်ကမ်း အပစ်အခတ်ရပ်စဲရေး သဘောတူညီဟု ကုလအကြီးအကဲပြော

ယီမင်နိုင်ငံအတွင်း တိုက်ပွဲ ဖြစ်နေကြတဲ့ အဖွဲ့တွေဟာ ဟိုဒေးတာဆိပ်ကမ်း  အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူခဲ့ကြတယ်လို့ ကုလသမဂ္ဂအကြီးအကဲက ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ဟိုဒေးတာ ဆိပ်ကမ်းမှာ ကုလသမဂ္ဂက အဓိက အခန်းကနေပါဝင်ပြိး လူသားချင်းစာနာမှုနဲ့ ပေးတဲ့ အကူအညီတွေ စီးဆင်းမှု လွယ်ကူအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါဟာ သန်းနဲ့ချီတဲ့ ယီမင်ပြည်သူတွေရဲ့ နေထိုင်မှု အခြေအနေတွေကို ပိုမိုကောင်းမွန်စေမယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဂူတာရက်စ်က ဆော်ဒီ ကျောထောက်နောက်ခံပြု  ယီမင် အစိုးရနဲ့အီရန် မဟာမိတ် ဟူသီသူပုန်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နိုင်ငံရေး မူဘောင်ကို နောက်တကြိမ်မှာ ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။ ဒီအတွက် အစိုးရတပ်နဲ့ ဟူသီသူပုန်တပ်  နှစ်ဖွဲ့စလုံးကို ဟိုဒေးတာကနေ ရုပ်သိမ်းပြီး  ညွှန့်ပေါင်းတပ်တွေဟာ မြို့ဆင်ခြေဖုံးနဲ့ ဆိပ်ကမ်းကို ထိန်းချုပ်သွားမယ်လို့ ဂူတာရက်စ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up