Home
မြန်မာသတင်း
ချမ်းအေးသာစံတွင် ဂိုဒေါင် ၂ လုံး မီးလောင်၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ
DVB
·
December 14, 2018
ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်က ဆန်စက်ဝင်းအတွင်းမှာ ဒီနေ့ မနက် ၂ နာရီကျော်လောက်က ဂိုဒေါင် ၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဦးအောင်မြင့် ပိုင်ဆိုင်တဲ့ သွပ်မိုး သွပ်ကာ အလျား  ပေ ၉၀၊ အနံ ၄၅ ပေ၊ အမြင့် ​ပေ ၃၀ ရှိတဲ့ ကမ္ဘာလျှပ်စစ်ရောင်းဝယ်ရေး ဂိုဒေါင်က​နေပြီး မီးစတင်လောင်ခဲ့တာဖြစ်​ပါတယ်​။ ဂိုဒေါင် နှစ်လုံးအတွင်းမှာ လျှပ်စစ်ပစ္စည်း၊ ပရဆေး၊ ဓာတ်မြေသြဇာနဲ့ ပေပါ​တွေနဲ့ အတူ ရေချိုးခန်းသုံး ပစ္စည်း​တွေ သို​လှောင်​ထားတယ်လို့ ဆိုပါတယ်။ “ဝန်းခနဲ ဝုန်းခနဲဆိုတဲ့ အသံကြီးက သုံးခါ​တောင်​မြည်တယ်​။ ​ကောင်းကင်​မှာလည်း ချက်​ချင်းမီး​တောက်​ကြီး​တွေ တက်​လာတာ​လေ၊ ဘယ်​​ပြေးလို့ ​ပြေးရမှန်းမသိ​တော့ဘူး၊ လမ်း​တွေကလည်း ချက်​ချင်းပဲ ပိတ်​သွားတယ်။ ​အိမ်​ချင်းကကပ်​​နေ​တော့ အရမ်း​ကြောက်​တယ်​၊ ဘာ​တွေ​လှောင်​ထားတယ်​မသိဘူး​လေ။ ​လောင်​လိုက်​တဲ့မီးက များတယ်​။ ဘာ​တွေ ​လှောင်​ထားတယ်​ဆိုတာ တာဝန်​ရှိသူ​တွေ မကြာခဏ စစ်​​ဆေးသင့်တယ်​” လို့ မီး​လောင်အိမ်​နဲ့ ကပ်ပြီး​​နေတဲ့ ​ဒေါ်တင်​​ဌေးကြည်​က​ပြောပါတယ်​။ မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “မီးလောင်တာ ဂိုဒေါင်နှစ်လုံး ဖြစ်တယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကတော့ စစ်ဆေးနေတုန်းပါပဲ။ ဘယ်ကနေစပြီးလောင်တယ် မသိရသေးဘူး” လို့ ​ပြောပါတယ်​။ မီးလောင်ခဲ့တဲ့ အဆောက်အဦ ၂ လုံးရဲ့ ကာလတန်ဖိုး ​သိန်း ၁၄၀ ကျော်ဖိုးလောက် ဆုံးရှုံးခဲ့ရပြီး ဂိုဒေါင်အတွင်းပစ္စည်း​တွေရဲ့ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်တယ်​လို့ သိရပါတယ်​။ ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာတော့ မီးလောင်မှုကို မန္တလေးတိုင်းအတွင်းရှိ မီးငြှိမ်းသတ်ယာဉ် ၄၅ စီး၊ မီးသတ်ရေသယ်ယာဉ် ၂၅ စီး၊ အကူရေသယ်ယာဉ် ၁၅ စီး အုပ်ချုပ်မှုယာဉ် ၅ စီး၊ သန္ဓေ အယောက် ၅၀၊ အရန်မီးသတ် ၂၀၀ ဦးတို့နဲ့ ငြှိမ်းသတ်ခဲ့ရပြီး အရန်မီးသတ် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - အောင်အောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024