Home
မြန်မာသတင်း
မောင်တောတွင် NRC က ပြုလုပ်နေသည့်လမ်းကို အမေရိကန်သံရုံး ဒုအတွင်းဝန် လေ့လာ
DVB
·
December 14, 2018
ရန်​ကုန်​မြို့ အမေရိကန်သံရုံးမှ ဒုအတွင်းဝန်​နဲ့ အမေရိကန်နိုင်ငံမှ အလှူရှင် ၂ ဦးတို့ ပါဝင်တဲ့အဖွဲ့ဟာ မောင်တောဒေသမှာ NRC က ပြုလုပ်နေတဲ့ လမ်းတွေကို ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။ ဒုအတွင်းဝန်​ Ms Suzane Truchard နဲ့ အလှူရှင် ၂ ဦးတို့အဖွဲ့ဟာ NRC က မောင်တောမြို့နယ် အမှတ် ၅ ရပ်ကွက် ရွာသစ်ကေရပ်ကွက်နဲ့ ၄ မိုင်ရပ်ကွက်တွေမှာ လူသွားလမ်း ပြုလုပ်နေတာကို ဒီဇင်ဘာ ၁၂ ရက်နေ့က လိုက်လံကြည့်ရှုခဲ့ကြတာပါ။ NRC (The Norwegian Refugee Councial) အဖွဲ့ဟာ လူသားချင်းစာနာထောက်ထားရေး Camp Management နဲ့ ရေကောင်းရေသန့်ရရှိရေး ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ရုံးတွေဖွင့်လှစ်ပြီး လုပ်ဆောင်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024