Homeမြန်မာသတင်း
ကျမတို့နိုင်ငံ ဘယ်လိုပဲ ဆင်းရဲ၊ ဆင်းရဲ ကျမအတွက်တော့ နေလို့အကောင်းဆုံးနိုင်ငံပဲ - ဒေါ်အောင်ဆန်းစုကြည်
ကျမတို့နိုင်ငံ ဘယ်လိုပဲ ဆင်းရဲ၊ ဆင်းရဲ ကျမအတွက်တော့ နေလို့အကောင်းဆုံးနိုင်ငံပဲ - ဒေါ်အောင်ဆန်းစုကြည်
DVB
·
December 14, 2018
မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲတဲ့နိုင်ငံ ဖြစ်နေပေမယ့်လည်း မိမိအတွက်တော့ နေထိုင်လို့ အကောင်းဆုံးနိုင်ငံဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် MICC 2 အဆောက်အဦမှာ ပြုလုပ်တဲ့ မြန်မာလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အဖွင့်အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။
"ကမ္ဘာပေါ်မှာ ချမ်းသာတဲ့ နိုင်ငံအများကြီးကို ရောက်ဖူးပါတယ်။ မြန်မာနိုင်ငံကို ကျမစဉ်းစားတယ်။ ကျမတို့နိုင်ငံကို ဘယ်လိုနိုင်ငံဖြစ်စေချင်တာလဲ၊ ကျမကိုယ်တိုင်ကရော ဒီနိုင်ငံမှာ အသက်ထက်ဆုံး နေချင်သလား။ ဒီလိုဟာမျိုး အမြဲတမ်းစဉ်းစားပါတယ်။ လူငယ်လုပ်ငန်းရှင်တွေကိုလည်း အဲလိုပဲ စဉ်းစားစေချင်ပါတယ်။ အမှန်ပြောရရင် ကျမတို့နိုင်ငံဟာ ဘယ်လိုဘဲ ဆင်းရဲ၊ ဆင်းရဲ ကျမအတွက်တော့ ဒီနိုင်ငံဟာ နေလို့အကောင်းဆုံးနိုင်ငံလို့ ဒီလိုပဲ စိတ်ထဲမှာရှိတယ်"လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒါ့အပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး နိုင်ငံတကာနဲ့ မတူညီတဲ့ စီးပွားရေးဖွံ့ဖြိုးမှု ပုံစံမျိုးနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။