လိင်ပိုင်းနှိပ်စက်မှု သတင်းထွက်သည့် ဘုန်းတော်ကြီး ၂ ပါးကို ပုပ်ရဟန်းမင်းကြီး အကြံပေးအဖွဲ့မှ ထုတ်ပယ်

ဓာတ်ပုံ - Reuters
လိင်ပိုင်းနှိပ်စက်မှု သတင်းတွေ ထွက်နေတဲ့ ဘုန်းတော်ကြီးနှစ်ပါးကို ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ အနီးကပ် အကြံပေးအဖွဲ့ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဗာတီကန်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီထဲမှာ ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာရေးဝန်ကြီး သြစတြေးလျနိုင်ငံသား ဂျော့ဂ်ျပဲလ်လည်း ပါဝင်ပါတယ်။ နောက်တပါးကတော့ ချီလီနိုင်ငံက ဘုန်းတော်ကြီး ဖရန်သီစကို ဟာဗေး ရာသိုရီ ဖြစ်ပါတယ်။ သူတို့ဟာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ အခါအားလျော်စွာ အစည်အဝေးပြုလုပ်တဲ့ C-9 အဖွဲ့က ဘုန်းတော်ကြီးတွေ ဖြစ်ပါတယ်။ ဆန်တီယေဂို ခရစ်ယာန်ဂိုဏ်းချုပ်တဦး ဖြစ်ခဲ့တဲ့ ရာသိုရီကို လိင်ပိုင်းနှိပ်စက်မှုကနေ လွတ်မြောက်ခဲ့သူတွေက နစ်နာသူတွေကို အသရေဖျက်ပြီး သူတို့ရဲ့အမှုတွေကို မစုံစမ်းပေးဘူးလို့ စွပ်စွဲထားတာပါ။ အလားတူ သြစတြေးလျမှာ ကလေးငယ်တွေအပေါ် လိင်ပိုင်းပြစ်မှုနဲ့ တရားစွဲခံရတဲ့ ဗာတီကန် ဘဏ္ဍာရေးဝန်ကြီး ဂျော့ဂ်ျပဲလ်ဟာလည်း ခုခံလျှောက်လဲဖို့ ရာထူးကနေ အကန့်အသတ်မဲ့ ခွင့်ယူခဲ့ပါတယ်။ ချီလီနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ လိင်ပိုင်းနှိပ်စက်မှု သတင်းတွေကြောင့် ဘုန်းတော်ကြီး ၃၄ ပါး ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ပြီး ခုချိန်ထိ အဲဒီထဲက ၇ ပါးကိုသာ ရာထူးကနုတ်ထွက်ခွင့် လက်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up