တူရကီတွင် ရထား ၂ စီးတိုက်မှုကြောင့် သေဆုံးသူ ၉ အထိရှိ

ဓာတ်ပုံ - Reuters
တူရကီနိုင်ငံ အန်ကာရာမြို့ ရထားမတော်တဆမှုကြောင့် သေဆုံးသူ ၉ ဦးနဲ့ ဒဏ်ရာရသူ ၈၆ ဦးအထိ ရှိခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ မြန်နှုန်းမြင့်ရထားတစီးနဲ့ မီးရထားစက်ခေါင်းတို့ ခေါင်းချင်းဆိုင် တိုက်မိပြီးနောက် မြန်နှုန်းမြင့်ရထားဟာ ဘူတာရုံမှာရှိတဲ့ လူကူးခုံးကျော်တံတားကို ဝင်တိုက်ခဲ့ပါတယ်။ မြန်နှုန်းမြင့်ရထားပေါ်မှာ ခရီးသည် ၂၀၆ ဦး လိုက်ပါလာတယ်လို့ နိုင်ငံပိုင် အနာဒိုလူ သတင်းဌာနက အစီရင်ခံပါတယ်။ ရထားမတော်တဆမှုနဲ့ ပတ်သက်လို့ စုံစမ်းရေး စတင်နေပြီး လူ ၃ ဦးကို ထိန်းသိမ်းထားတယ်လို့ သမ္မတ အာဒိုဂန်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီရထားတိုက်မှုဖြစ်စဉ်ကို ဘက်ပေါင်းစုံကနေ စုံစမ်းသွားမှာဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့လည်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up