Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် UNDP အာရှ-ပစိဖိတ် ညွှန်ကြားရေးမှူး ရခိုင်လူမှုစီးပွားဖွံ့ဖြိုးရေး ဆွေးနွေး
DVB
·
December 14, 2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ UNDP အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ မနေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကူညီပေးရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်နှင့် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu နဲ့ အဖွဲ့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၁၀ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံရာမှာ မြန်မာအစိုးရရဲ့ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့မှာ UNDP က ဆက်လက်ကူညီပံ့ပိုးရေး၊ မြန်မာနိုင်ငံအစိုးရ၊ UNDP နဲ့ UNHCR တို့အကြား ၆-၆-၂၀၁၈ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ MoU အကောင်အထည် ဖော်ဆောင်ရွက်နေမှုနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံပွဲကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024