ပြင်သစ် ခရစ္စမတ်ဈေး တိုက်ခိုက်မှု သံသယရှိသူအား ရဲတပ်ဖွဲ့ ပစ်သတ်

ပြင်သစ်နိုင်ငံ စထရပ်ဘို့မြို့ ခရစ္စမတ်ဈေး တိုက်ခိုက်မှု ကျူးလွန်တဲ့ သံသယရှိသူကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တွေက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။ အဲဒီ သံသယရှိသူ ရှရီးရှေးကတ်ကို ၄၈ နာရီကြာ ရှာဖွေပြီးနောက် နူဒေါ့မီနူအရပ်မှာ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရှရီးလို့ ယုံကြည်ရသူတို့ ပက်ပင်းတိုးခဲ့ပြီးနောက် ရဲတွေက သူ့ကိုဖမ်းဖို့ ကြိုးပမ်းခဲ့ရာမှာ သူက ရဲတွေကို စပြီး ပစ်ခတ်ခဲ့တဲ့အတွက် ရဲတွေက ပြန်လည်ပစ်ခတ်ပြီး ရှရီး သေဆုံးခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ရှရီးရှေးကတ် သေဆုံးခဲ့တဲ့သတင်း ထွက်ပေါ်ပြီးနောက် စထရပ်ဘို့မြို့တော်ဝန်က သူ့အနေနဲ့ အခြေအနေကို အမြန်ဆုံး ကိုင်တွယ်နိုင်ခဲ့တဲ့အပေါ် စထရပ်ဘို့နဲ့ ပြင်သစ်နိုင်ငံအတွက် စိတ်သက်သာရာ ရမိတယ်လို့ ပြောပါတယ်။ စထရပ်ဘို့မြို့ ခရစ္စမတ်ဈေးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ရှရီးရှေးကတ်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up