အချက်ပေးသံ နားထောင်ပြီး လှိုင်းစီးသင်နေသည့် စပိန် မျက်မမြင်အမျိုးသမီးငယ် (ရုပ်သံ)
Published By
DVB | 13 December, 2018
1.3K
0
Share
0
Comment
0
Likes
မျက်မမြင် စပိန်အမျိုးသမီးငယ်တဦးဟာ ပင်ကိုယ်သိစိတ်နဲ့ ဆရာဖြစ်သူရဲ့ အချက်ပေးသံကို နားထောင်ပြီး လှိုင်းစီးသင်နေပါတယ်။
အသက် ၂၁ နှစ်အရွယ် ကားမန်းလိုပက်ဇ်ဟာ ပင်လယ်ကြီး ဘယ်လိုရှိတယ်ဆိုတာကို စိတ်ကူးပုံဖော်ပြီးသာ သိနိုင်ပေမယ့် လှိုင်းစီးဖို့ကို အထူးစိတ်အားထက်သန်နေပါတယ်။
လိုပက်ဇ်က ပင်လယ်ဟာ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်မှုကို ခံစားနိုင်တဲ့နေရာ ဖြစ်တယ်လို့ ပြောပါတယ်။
လိုပက်ဇ်လိုပဲ မျက်မမြင်လှိုင်းစီးသူတွေ ဖြစ်ကြတဲ့ စပိန်နိုင်ငံသား အိုက်တော ဖရန်သစ်စေနာနဲ့ ဘရာဇီးနိုင်ငံသား ဒဲရက် ခရာဘယ်လို တို့ဟာလည်း လှိုင်းစီးအားကစားမှာ ထိပ်တန်းအဆင့် ရောက်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်က လှိုင်းစီးလေ့ကျင့်တဲ့ လိုပက်ဇ်ကတော့ လှိုင်းစီးတာနဲ့ ပတ်သက်ပြီး ရည်မှန်းချက် မြင့်မြင့်မားမားကို ထားနေပါတယ်။ သူဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ကျင်းပမယ့် ကမ္ဘာ့မသန်စွမ်း လှိုင်းစီးချန်ပီယံရှစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံရဲ့ မျက်မမြင်အမျိုးသမီး ပထမဆုံး လှိုင်းစီးအားကစားသမား အနေနဲ့ ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။