Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 13, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆ဝ ဝင်တအိတ်ကို ၇၇၅၅ဝ ပေါက်ဈေးရှိပြီး ၇၅ဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပိသာ ၆ဝ ဝင်တအိတ်ကို ၇ဝဝဝဝ ကနေ ၇၅ဝဝဝ အထိ ပေါက်ဈေးရှိပြီး ၂ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၂၅၅ဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆ဝ ဝင် တအိတ်ကို ၇၂၃၅ဝ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပိသာ ၆ဝ ဝင် တအိတ်ကို ၇ဝဝဝဝ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၂၃၅ဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ပဲတီစိမ်း မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းတအိတ်ကို ၉ဝဝဝဝ ကနေ ၁ဝ၈ဝဝဝ အထိ ပေါက်ဈေးရှိပြီး ၂ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၉၉ဝဝဝ ပေါက်ဈေးရှိပြီး ၆ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၉ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ နှမ်းနက်စမုံ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်စမုံက ၄၅ ပိသာဝင် တအိတ်ကို ၂၂ဝဝဝဝ ကနေ ၂၃၈ဝဝဝ အထိ ပေါက်ဈေးရှိပြီး ၈ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင် တအိတ်ကို ၂၂၅ဝဝဝ ကနေ ၂၂၆ဝဝဝ အထိ ပေါက်ဈေးရှိပြီး ၁ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၁၂ဝဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ နှမ်းညို မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိသာဝင် တအိတ်ကို ၁၆ဝဝဝဝ ပေါက်ဈေးရှိပြီး ၂ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင် တအိတ်ကို ၁၅၅၂၅ဝ ပေါက်ဈေးရှိပြီး ၂၂၅ဝ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၄၇၅ဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ စီပီပြောင်း မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိသာဝင် တအိတ်ကို ၂၃ဝဝဝ ကနေ ၂၅ဝဝဝ အထိ ပေါက်ဈေးရှိပြီး ၅ဝဝ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင် တအိတ်ကို ၂၂၉၅ဝ ကနေ ၂၃၂၂ဝ အထိ ပေါက်ဈေးရှိပြီး ၅၄ဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁၇၈ဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024