ဂျူဗင်တပ်သို့ မပြောင်းရွှေ့ခဲ့မှုအပေါ် လီဗာပူးဂိုးသမား အလစ်ဆန် ရှင်းလင်း

906
၂၀၁၅ ခုနှစ်မှာ ဂျူဗင်တပ်အသင်းက ကမ်းလှမ်းခဲ့ပေမယ့် ပြောင်းရွှေ့ခြင်း မပြုခဲ့တာနဲ့ ပတ်သက်ပြီး လီဗာပူးဂိုးသမား အလစ်ဆန်က ရှင်းလင်းပြောကြားလိုက်ပါတယ်။
ဘရာဇီးကလပ် အင်တာနေရှင်နယ်အသင်းမှာ ကစားနေစဉ်က ဂျူဗင်တပ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။
အဲဒီအချိန်မှာ ဂျူဗင်တပ်အသင်းမှာ ဂိုးသမား ဘက်ဖွန် ရှိနေတဲ့အတွက် ပြောင်းရွှေ့မယ်ဆိုရင် ပွဲထွက်ခွင့် မရနိုင်တာကြောင့် ဖြစ်တယ်လို့ အလစ်ဆန်က ပြောကြားခဲ့ပါတယ်။
အလစ်ဆန်ဟာ ၂၀၀၆ ခုနှစ်မှာ ရိုးမားအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အခုနှစ် ဘောလုံးရာသီအစမှာတော့ လီဗာပူးအသင်းဆီ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ အလစ်ဆန်ဟာ လီဗာပူးအသင်းမှာလည်း လက်စွမ်းပြနေပြီး ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၆ ဂိုးပဲ ပေးထားရပါတယ်။