A d v e r t i s e m e n t With Us

မန်ယူနည်းပြ၏ နည်းစနစ်က ပေါ့ဂ်ဘာအတွက် ခြေစွမ်းကောင်းရရန် ခက်ခဲဟု အိုဝင် ပြော

မန်ယူအသင်းကစားပုံနဲ့ နည်းပြရဲ့ နည်းစနစ်တွေဟာ ပေါ့ဂ်ဘာအတွက် အကောင်းဆုံး ခြေစွမ်းရဖို့ ခက်ခဲတယ်လို့ မိုက်ကယ်အိုဝင်က ဆိုပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ နည်းပြ ဂွါဒီယိုလာ သို့မဟုတ် ဂျာဂင်ကလော့ပ်ရဲ့ လက်အောက်မှာ ကစားမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက် ဖြစ်လာနိုင်တယ်လို့လည်း မိုက်ကယ်အိုဝင်က သုံးသပ် ပြောကြားလိုက်တာပါ။ မန်ယူအသင်းက ဗလင်စီယာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် အပြီးမှာ ဘီတီစပေါ့ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်မှာ မိုက်ကယ်အိုဝင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ဗလင်စီယာနဲ့ပွဲမှာ ပွဲထွက်ကစားခွင့် ရခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အသင်းကလည်း ရှုံးပွဲတွေ့ခဲ့တာပါ။ ဒါ့အပြင် ပေါ့ဂ်ဘာဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်တို့ရဲ့ လက်အောက်မှာ ကစားမယ်ဆိုရင်တော့ အကောင်းဆုံးကစားသမားတယောက် ဖြစ်လာနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ အဲဒီလိုအဆင့် မရောက်သေးဘူးလို့ လီဗာပူးနဲ့ မန်ယူတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up