ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး စစ်တွေမြို့ ကယ်ဆယ်ရေးစခန်း သွားရောက်
DVB
·
December 13, 2018
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ မနေ့ ညနေပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ဘောဒူဖ ဘင်္ဂါလီကယ်ဆယ်ရေး စခန်းကို သွားရောက်ခဲ့ပါတယ်။
ဘောဒူဖ ကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ နေထိုင်မှုအခြေနေတွေကို မေးမြန်းခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟာ မနေ့နေ့လယ်ပိုင်းကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
ဝဏ္ဏခွာညို