ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ အယုံအကြည်မရှိအဆို မဲခွဲမှုတွင် အနိုင်ရ

ဓာတ်ပုံ - Leon Neal/Getty Images
အယုံအကြည်မရှိအဆို မဲခွဲမှုမှာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ အနိုင်ရပြီးနောက် သြဇာကြီးမားတဲ့ ဘရက်ဇစ်ထောက်ခံသူ ဂျက်ကော့ဘရီးစ်မော့က ဝန်ကြီးချုပ် မေကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ပါလီမန်အမတ် ၃၁၇ ဦးမှာ ၁၁၇ ဦးက မေဟာ ဘရက်ဇစ် အစီအစဉ် အကောင်အထည်ဖော်ဖို့ရာ မှန်ကန်တဲ့ခေါင်းဆောင် မဟုတ်တော့ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဘရီးစ်မော့က ဝန်ကြီးချုပ် မေ အနေနဲ့ ဘုရင်မကြီးနဲ့ အဆောတလျင် သွားရောက်တွေ့ဆုံပြီး ရာထူးကနေ နုတ်ထွက်သင့်တယ်လို့ ပြောခဲ့ပါတယ်။ Democratic Unionist Party ဒုခေါင်းဆောင်က အယုံအကြည်မရှိအဆို ရလဒ်ဟာ ဘရက်ဇစ် သဘောတူညီချက်ကို အပြောင်းအလဲ မဖြစ်စေတဲ့အတွက် စိုးရိမ်မိတယ်လို့ ပြောခဲ့ပါတယ်။ အယုံအကြည်မရှိအဆို မဲခွဲမှုမှာ အနိုင်ရပြီးနောက် ဝန်ကြီးချုပ်မေက သူဟာ ဘရက်ဇစ်မစ်ရှင်နဲ့ ရှေ့ဆက်မှာဖြစ်ပြီး အီးယူခေါင်းဆောင်တွေဆီကနေ ဥပဒေနဲ့ နိုင်ငံရေး အာမခံချက်ရအောင် ကြိုးပမ်းမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up