နိုင်ငံတကာကုမ္ပဏီ ၄၉ ခုအား အမည်ပျက်စာရင်းသွင်းကြောင်း ဘားမားကမ်ပိန်း ထုတ်ပြန်
DVB
·
December 13, 2018
မြန်မာတပ်မတော်နဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး နိုင်ငံတကာ ကုမ္ပဏီ ၄၉ ခုကို အမည် ပျက်စာရင်းသွင်းလိုက်ကြောင်း ဗြိတိန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ဘားမားကမ်ပိန်းအဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါအမည်ပျက်စာရင်းသွင်းခံခဲ့ရတဲ့ နိုင်ငံတကာကုမ္ပဏီတွေထဲမှာတော့ ဖေ့စ်ဘွတ်ခ်၊ ၀က်စ်တန်ယူနီယံ၊ တိုရှီဘာတို့လို လုပ်ငန်းကြီးတွေလည်း ပါဝင်နေတာ ဖြစ်ပြီး တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ယူကရိန်း၊ အမေရိကန်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက လုပ်ငန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေ လူ့အခွင့်အရေးချိုး ဖောက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်း သတ်မှတ်တာလို့ ဆိုပါတယ်။
တပ်မတော်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပေမယ့် ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း ဘားမားကမ်ပိန်းအဖွဲ့က ပြောပါတယ်။
ဘားမားကမ်ပိန်းအဖွဲ့မှ ဒါရိုက်တာ မတ်ခ်ဖာမန်နာက “ကျနော်တို့က မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဆောင်မှုတွေ မလုပ်ဖို့ ပြောနေတာမျိုးမဟုတ်ပါဘူး။ တပ်မတော်နြ့ စီးပွားရေးမလုပ်ဖို့ ပြောနေတာပါ”လို့ ပြောပါတယ်။