A d v e r t i s e m e n t With Us

မန်စီးတီး လူငယ်ကစားသမား ဒိုင်ယက်ဇ်ကို ရီးရဲလ်မက်ဒရစ် ကမ်းလှမ်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီး လူငယ်ကြယ်ပွင့် ဘရာဟင် ဒိုင်ယက်ဇ်ကို ခေါ်ယူဖို့ ဒုတိယအကြိမ် ကမ်းလှမ်းလိုက်ပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ စပိန်လူငယ်လက်ရွေးစင် ဒိုင်ယက်ဇ်ဟာ အသင်းကြီး လူစာရင်းမှာ ပါဝင်နေပေမယ့် လိဂ်ဖလား ၂ ပွဲပဲ ကစားခွင့်ရထားပြီး ၂ ဂိုး သွင်းယူထားတာပါ။ ရီးရဲလ်အသင်းဟာ ကွင်းလယ်ကစားသမား ဒိုင်ယက်ဇ်အတွက် ပေါင် ၁၀ သန်းနဲ့ ပထမတကြိမ် ကမ်းလှမ်းမှုကို မန်စီးတီးအသင်းက ပယ်ချခဲ့တဲ့အတွက် ပေါင်သန်း ၂၀ နဲ့ ထပ်ပြီး ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒိုင်ယက်ဇ်ကို အပြီးသတ်ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မန်စီးတီးအသင်းနဲ့ ဆက်ပြီး ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ စပိန်ကလပ် မာလာဂါ အကယ်ဒမီထွက်ဖြစ်တဲ့ ဒိုင်ယက်ဇ်ဟာ သူ့အသက် ၁၄ နှစ်အရွယ် ၂၀၁၃ ခုနှစ်ကတည်းက မန်စီးတီးအသင်းမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up