Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
December 13, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ရာဇ၀တ်ပြစ်မှု ဆိုင်ရာ Crime, Drama, Mystery အမျိုးအစား ရုပ်ရှင်ကားတကား ဖြစ်တဲ့- The Mule !     ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေး က တင်ဆက်လိုက်တာဖြစ်ပြီး မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသားကြီး Clint Eastwood ကိုယ်တိုင်ထုတ်လုပ်သူအနေနဲ့ရော၊ ဒါရိုက်တာအနေနဲ့ပါ ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ အမေရိကန်နိုင်ငံသမိုင်းမှာ အသက်အကြီးဆုံး မူးယစ်ဆေး ၀ါးမှောင်ခိုသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ Leo Sharp ရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေတည်ပြီး ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာက သူဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ပြန်တဦးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် သူ့အသက် ၈၇ နှစ် အရွယ်မှာတော့ ဘ၀တဆစ်ချိုးပြောင်းလဲခဲ့ပြီး နာမည်ကြီး မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းတခုမှာ မူးယစ်မှောင်ခိုတဦးဖြစ်လာခဲ့တာပါ။ အမေရိကန်နိုင်ငံ တရားမ၀င် မူးယစ်ဆေးဝါးရာဇ၀တ်မှု ဆိုင်ရာ နှိမ်နင်းရေးအဖွဲ့ DEA က သူ့ဆီမှာ အမေရိကန်ဒေါ်လာ ၃ သန်းတန်ကြေးရှိတဲ့ ကိုကင်းတွေနဲ့အတူ ဖမ်းမိခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီကွင်းဆက်ထဲကို သူက ဘယ်လိုရောက်ရှိလာခဲ့သလဲ။ ဒီဇာတ်ကားထဲမှာတော့ သူ့ရဲ့ဘ၀ဇာတ်ကြောင်းတွေကို  ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ၀ါရင့်ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး Clint Eastwood က အဓိကပါဝင်သရုပ်ဆောင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Bradley Cooer, Laurence Fishburne, Dianne Wiest တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီတပတ်ထဲမှာပဲ နာမည်ကြီးရုပ်ရှင်ကား Spider-Man : Into The Spider- Verse နဲ့အပြိုင် ရုံတင်မယ့် ဒီရုပ်ရှင်ကားကိုတော့ BoxOffice မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းကနေ ၁၇ သန်းကြားရရှိနိုင် မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၁၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ စွန့်စားမှု အက်ရှင်အသားပေး Animated 3D ရုပ်ရှင်တွေ၊ စူပါဟီးရိုးရုပ်ရှင်ကားတွေ ကြိုက်တဲ့ ပရိသတ်တွေအတွက် Spider Man : Into The Spider Verse !     ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေဖြစ်ကြတဲ့ Columbia Pictures နဲ့ Sony Pictures တို့က Marvel နဲ့ ပူးပေါင်းစီစဉ်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင် ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Bob Persichetti, Peter Ramsey နဲ့ Rodney Rothman တို့ ပူးပေါင်း ရိုက်ကူးထားကြတာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ အမေရိကန်နိုင်ငံ၊ ဘရွတ်ကလင်းက အထက်တန်းကျောင်းသား Miles Morales တယောက် စူပါဟီးရိုး Spider-Man ဘယ်လိုဖြစ်သွားခဲ့သလဲ။ Spider-Man ရဲ့ အရင်ပုံစံတွေနဲ့မတူတဲ့ စွန့်စားခန်းတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။  Spider Verse ထဲမှာတော့ စူပါဟီးရိုး Spider-Man တယောက်တည်းမဟုတ်ဘဲ Spider Girl ဇာတ်ကောင် Spider-Gwen လို၊ Prowler လို စူပါဗီလိန်ဇာတ်ကောင်တွေနဲ့ ပုံဖော်ဖန်တီး တင်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး Miles Morales နေရာမှာ အမေရိကန်ရက်ပ်ပါသ ရုပ်ဆောင်မင်းသား Shameik Moore, Spider-Gwen နေရာမှာတော့ အမေရိကန်သ ရုပ်ဆောင်မင်းသမီး Hailee Steinfeld တို့နဲ့အတူ Mahershala Ali, Jake Johnson စတဲ့ သရုပ်ဆောင်တွေက အသံနဲ့ အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစ ကား Dialog တွေဟာ ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။     ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၉၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 8.7 ထိ ရရှိထားပြီး Box Office မှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၃၀ ကနေ ၄၀ ကြား ရ ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။     ကြာမြင့်ချိန် ၁၁၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ စွန့်စွန့်စားစား မြန်မာအက်ရှင်ဇာတ်ကြမ်းကားတကားဖြစ်တဲ့ သတ်ကွင်း ! အဲဗားတော့ပ်၊ မြိုင်သရဖူ၊ ဟာသညီနောင် ရုပ်ရှင်ထုတ်လုပ်ရေး ၃ ခုပူးပေါင်းပြီး စီစဉ်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဆူးခက်မင်းက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ မိဘမေတ္တာငတ်မွတ်နေတဲ့ လူငယ်တယောက်၊ ငွေအလွန်လိုအပ်နေတဲ့ လူငယ် တယောက်နဲ့ ညီမဖြစ်သူ မျက်လုံးဆေးကုသဖို့ ပိုက်ဆံရှာဖွေနေတဲ့ တောတွင်းလမ်းပြတယောက်၊ သူတို့ ၃ ယောက်ကြားက မေတ္တာတရားကို ပုံဖော်ဖန်တီးထားတဲ့ ဒီကားထဲမှာတော့ တောတွင်းစွန့်စားခန်းတွေနဲ့ လျှို့ဝှက်သည်းဖိုဆန်ဆန် ရှုစားကြရမှာပါ။ ဒီကားဟာ သရုပ်ဆောင်မင်းသွေး မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကား တကားလည်း ဖြစ်တာမို့ ပရိသတ်တွေကြားမှာလည်း နာမည်ကြီးနေတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသွေးနဲ့အတူ စည်ဖြိုး၊ နေရဲ၊ ထူးခြားတို့က အဓိကဇာတ်ကောင်တွေ နေရာမှာ ပါဝင်ထားခဲ့ကြပြီး နေတိုး၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသုတို့ကလည်း ဧည့်သည် သရုပ်ဆောင်တွေအဖြစ် အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ သတ်ကွင်းရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့၊ Junction City မှာ ပြုလုပ်ခဲ့တာပါ။ ပရိသတ်တွေက မင်းသွေး အလွမ်းပြေအနေနဲ့ ကြည့်ရှုကြရမယ့် ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ် Action Adventure Science Fiction အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ရုပ်ရှင် - Mortal Engines ! ဒီကားကိုတော့ Universal Pictures က တင်ဆက်လိုက်တာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်တဲ့ Hobbit, Lord Of The Ring စတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ နယူးဇီလန် ရုပ်ရှင်ဒါရိုက်တာ Christian Rivers က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ နှစ်ရာပေါင်းများစွာကြာခဲ့ပြီး ကမ္ဘာပျက်ကာလကို ပုံဖော်ရိုက်ကူးထားခဲ့တဲ့ ဒီကားထဲမှာတော့ ကမ္ဘာ့နေရာအနှံ့က မြို့တွေဟာ ဘီးတွေနဲ့ ရွေ့လျားနေပြီး အသက်ရှင်နေထိုင်နိုင်ဖို့ တဦးနဲ့တဦး သတ်ဖြတ်မှုတွေနဲ့ ရှိနေကြချိန်မှာ ဒါကို ဘယ်လိုအဆုံးသတ်မလဲ။ ထူးဆန်းတဲ့ မျက်နှာဖုံးစွပ် မိန်းကလေး Hester Shaw ဟာ လန်ဒန်မြို့က မောင်းထုတ်ခံထားခဲ့ရတဲ့ အပယ်ခံမြို့သား Tom နဲ့အတူ တကယ့်လူသားစားမြို့တော်တခုလိုဖြစ်နေခဲ့တဲ့ ဒီမြို့တော်ကြီးကို ကယ်တင်နိုင်မလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ အိုက်စ်လန်သရုပ်ဆောင်မင်းသမီး Hera Hilmar, အိုင်းရစ်ရှ် သရုပ်ဆောင်မင်းသား Robert Sheehan ,ကိုရီးယား သရုပ်ဆောင်မင်းသမီး Jihae တို့နဲ့အတူ တခြားဟောလိဝုဒ်သရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကား ဟာ IMDb မှာလည်း Rating 6.7 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းကနေ ၁၅ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၂၈ မိနစ်ရှိတဲ့ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ရုံမတင်ခင် ကတည်းက နာမည်ကြီးနေတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ ရန်သူ !     ဒီရုပ်ရှင်ကားကိုတော့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာ ဖြစ်ပါတယ်။ လွန်းထားထားရဲ့ ၀တ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးခဲ့တဲ့ ဒီကားကိုတော့ ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီကားကတော့ သက်ထင်ညို၊ ဆန်းကြယ်၊ လေပြေနုသွေးဆိုတဲ့ လူငယ်သုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ နေမင်း၊ ၀တ်မှုန်ရွှေရည်နဲ့ နေခြည်ဦးတို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပါတယ်။ ဒါဟာ Beauty Blogger တယောက်ဖြစ်တဲ့ နေခြည်ဦးရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ် ရှင်ကားလည်းဖြစ်သလို သူ့ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ရုပ်ရှင်ကားတကားလည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ၀တ်မှုန်ရွှေရည်ကတော့ ဒီကားထဲမှာ မိန်းကလေးတယောက်ကို တခြားအမျိုးသားတယောက်နဲ့ အပြိုင်ပိုးပန်းရတဲ့ Tomboy တယောက် နေရာက ထူးထူးခြားခြား သရုပ်ဆောင်ထားခဲ့ပြီး သရုပ်ဆောင်မင်းသား နေမင်းကတော့ စရိုက်၊ ပုံစံမတူတဲ့ မိန်းကလေး ၂ ယောက်ကြား ပုံစံမတူတဲ့ ချစ်ခြင်းနဲ့ ချစ်မိပြီး ရန်သူတွေမဖြစ်စေချင်တဲ့ စိတ်နဲ့ ဗျာများရသူတယောက်နေရာမှာ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။     ထွက်မလာခင်ကတည်းက နာမည်ကြီးနေတဲ့ ရန်သူရုပ်ရှင်ကားရဲ့ Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။     ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။     ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လယ့် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024