ချန်ပီယံလိဂ်ပွဲစဉ် ဗလင်စီယာ ၂ – ၁ မန်ယူ၊ ယန်းဘွိုင်းစ် ၂ – ၁ ဂျူဗင်တပ် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 13 December, 2018
1.1K
0
Share
0
Comment
0
Likes
ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ နောက်ဆုံးပွဲစဉ်တွေကို မနေ့ညက ယှဉ်ပြိုင်ရာ နာမည်ကြီး မန်ယူနဲ့ ဂျူဗင်တပ်တို့ ရှုံးပွဲတွေ့သွားပါတယ်။
စပိန် လာလီဂါကလပ် ဗလင်စီယာနဲ့ မန်ယူပွဲစဉ်မှာ ဗလင်စီယာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
မန်ယူဟာ ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်ရောက်ပြီး ဖြစ်တာကြောင့် ဒီပွဲမှာ အရန်ဂိုးသမား ရိုမဲရိုးကို ထုတ်သုံးသွားပါတယ်။
တိုက်စစ်မှာတော့ လူကာကူကို ပြန်အသုံးပြုခဲ့ပြီး ပေါ့ဂ်ဘာ၊ မာတာ၊ ဖယ်လိုင်နီ၊ ဗလင်စီယာ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။
ဗလင်စီယာကလည်း တိုက်စစ်မှူး ဘတ်ရှူးအာယီ၊ ချီရီရှက်ဗ် တို့နဲ့ ပွဲထွက်လာခဲ့တာပါ။
ဗလင်စီယာအတွက် ဂိုးတွေကို ၁၇ မိနစ်မှာ ဆိုလာနဲ့ ၄၇ မိနစ်မှာ မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ် ကိုယ့်ဂိုးကိုယ်သွင်းမိရာက ရရှိသွားပါတယ်။
မန်ယူအတွက် ချေပဂိုး တဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပါတယ်။
မနေ့ကပဲ တချိန်တည်း ယှဉ်ပြိုင်တဲ့ အုပ်စု အိတ်ခ်ျ တခြားပွဲစဉ်မှာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်က နာမည်ကြီး ဂျူဗင်တပ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ယန်းဘွိုင်းစ်အတွက် ဂိုးတွေကို ပွဲချိန် မိနစ် ၃၀ နဲ့ ၆၈ မိနစ်တွေမှာ Guillaume Hoarau တဦးတည်းက သွင်းယူပေးခဲ့ပါတယ်။
ဂျူဗင်တပ်အတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် မိနစ် ၈၀ မှာ တိုက်စစ်မှူး ဒိုင်ဘားလားက သွင်းယူပေးခဲ့ပါတယ်။
မနေ့ညက ပွဲစဉ်တွေမှာ မန်ယူနဲ့ ဂျူဗင်တပ်တို့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဂျူဗင်တပ်က အုပ်စု ပထမ၊ မန်ယူက ဒုတိယနေရာကနေ နောက်တဆင့် တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။
ဗလင်စီယာကတော့ အုပ်စု တတိယနေရာ ရတဲ့အတွက် ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။