A d v e r t i s e m e n t With Us

ပေါ့ဂ်ဘာခြေစွမ်းပိုင်းကိစ္စ မမေးမြန်းရန် မော်ရင်ဟို ပြော

ပေါ့ဂ်ဘာဆီက အကောင်းဆုံးခြေစွမ်းရအောင် ဘာကြောင့် မလုပ်နိုင်တာလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မမေးသင့်ဘူးလို့ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ ဗလင်စီယာနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး အဲဒီမေးခွန်းကို မိမိမကြိုက်ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။ ပေါ့ဂ်ဘာရဲ့ အကောင်းဆုံးပုံစံကို ရရှိအောင် ဘာကြောင့်မလုပ်နိုင်တာလဲဆိုတဲ့ မေးခွန်းက မိမိဖြေဆိုချင်တဲ့ ကြားချင်တဲ့မေးခွန်း မဟုတ်ကြောင်းနဲ့ အဲဒီမေးခွန်းရဲ့ ရည်ရွယ်ချက်ကိုလည်း မကြိုက်ဘူးလို့ မော်ရင်ဟိုက ပြောကြားခဲ့တာပါ။ ပေါ့ဂ်ဘာဟာ ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးပုံစံကို ရဖို့ အမြဲတမ်း ကြိုးစားနေသူဖြစ်တယ်လို့ မော်ရင်ဟိုက ချီးကျူးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up