လီဗာပူးနောက်ခံလူ မာတစ် ပခုံးဒဏ်ရာရ

753
လီဗာပူးအသင်းဟာ နောက်ခံလူ မာတစ် ပခုံးဒဏ်ရာ ရသွားတာကြောင့် ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ များပြားနေပါတယ်။
နောက်ခံလူ မာတစ်ဟာ နာပိုလီနဲ့ပွဲမှာ ပခုံးဒဏ်ရာ ရခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဆေးရုံရောက်ပြီး စစ်ဆေးခဲ့ရတာကြောင့် ဒဏ်ရာပြင်းထန်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ခံလူ အလက်ဇန်းဒါးအာနိုးနဲ့ ဂျိမ်းစ်မီလ်နာတို့ဟာလည်း နာပိုလီနဲ့ပွဲမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နောက်ခံလူတဦးဖြစ်တဲ့ ဂျိုးဂိုမက်ဟာလည်း ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် လီဗာပူးအသင်းအနေနဲ့ ခံစစ်ပိုင်းမှာ အခက်အခဲတွေ့ဖို့ ရှိနေပါတယ်။
ဒါပေမယ့် ညာနောက်ခံလူ ကလိုင်းနဲ့ လိုဗရန်တို့ ဒဏ်ရာပြန်ကောင်းလာတာကတော့ လီဗာပူးအသင်းအတွက် သက်သာရာရခဲ့ပါတယ်။