Home
မြန်မာသတင်း
မော်လမြိုင်၊ ဟဲဟိုးနှင့် ကော့သောင်းလေဆိပ် ၃ ခုကို နိုင်ငံတကာအဆင့် မြှင့်တင်မည်
ရွှေအောင်
·
December 12, 2018
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ပြည်တွင်းရှိ လေဆိပ် ၃ ခုကို နိုင်ငံတကာအဆင့်မီ လေဆိပ်တွေအဖြစ် အဆင့်မြှင့်တင်ပြုပြင်တော့မှာ ဖြစ်ပါတယ်။ မော်လမြိုင်၊ ဟဲဟိုးနဲ့ ကော့သောင်းလေဆိပ် ၃ ခုကို နိုင်ငံတကာအဆင့်မီ လေဆိပ်တွေအဖြစ် အဆင့်မြှင့်တင်ဖို့ စီစဉ်လုပ်ဆောင်နေပြီလို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသာဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၂ ရက် အမျိုးသားလွှတ်တော်မှာ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ က ဒေါ်နွယ်နွယ်အောင်ရဲ့ မော်လမြိုင်လေယာဉ်ကွင်းကို နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းဖြစ်လာအောင် လုပ်ဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းကို ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ပို့ဆက်ဒုဝန်ကြီး ဦးသာဦးက အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်တဲ့စနစ် Public Private Partnership PPP နဲ့ နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေးကို လုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။ “ပြည်တွင်းလေဆိပ်များကိုလည်း ပုဂ္ဂလိကကဏ္ဍနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး အဆင့်မြှင့်တင်နိုင်ရေးအတွက် ကနဦးအနေဖြင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါတဲ့ ပြည်တွင်းလေဆိပ်များဖြစ်တဲ့ ဟဲဟိုးလေဆိပ်၊ မော်လမြိုင်လေဆိပ်နဲ့ ကော့သောင်းလေဆိပ် ၃ ခုတို့ကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ PPP စနစ်ဖြင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းကုမ္ပဏီ ဦးဆောင်မှုဖြင့် အခြား နိုင်ငံတကာကုမ္ပဏီများ ပူးပေါင်းပါဝင်နိုင်တဲ့ ကွန်ဆိုတီယမ်အဖွဲ့များကို တင်ဒါခေါ်ယူဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီကို တင်ပြခဲ့ရာ စီးပွားရေးရာကော်မတီရဲ့ ၁-၆၂၀၁၇ ရက်နေ့မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေး အမှတ်စဉ် ၉/ ၂၀၁၇  က မူအားဖြင့် ခွင့်ပြုခဲ့ပါတယ်။” လတ်တလောမှာတော့ မော်လမြိုင်လေဆိပ်အဆင့်မြှင့်တင်ဖို့ တင်ဒါခေါ်ယူစစ်ဆေးတုန်း ဖြစ်ပြီး တင်ဒါအောင်တဲ့ ကုမ္ပဏီ ထွက်ပေါ်လာရင် လေကြောင်းပို့ဆောင်ရေးဌာနနဲ့အတူ လုပ်ငန်းစတင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024