နာပိုလီနောက်ခံလူ အယ်လ်စိဒ်ဟိုက်ဆက်ကို ချဲလ်ဆီးခေါ်ရန် ပြင်ဆင်နေ

704
ချဲလ်ဆီးအသင်းဟာ နာပိုလီနောက်ခံလူ အယ်လ်စိဒ်ဟိုက်ဆက်ကို ပေါင် ၄၅ သန်းပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
နာပိုလီညာနောက်ခံလူ အယ်လ်စိဒ်ဟာ ချဲလ်ဆီးနည်းပြ ဆာရီနဲ့ လက်တွဲခဲ့ဖူးသူ ဖြစ်တာကြောင့် အသင်းကခေါ်ယူဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ အယ်လ်ဘေးနီးယား နောက်ခံလူ အယ်လ်စိဒ်ဟာ အခုနှစ်ရာသီမှာ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲအထိကစားပြီး ခြေစွမ်းပြနေပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အကြိုသဘောတူညီမှု ရယူထားပြီး လာမယ့်နှစ်ကျမှ ခေါ်ယူဖို့ များတယ်လို့လည် ဒေးလီးမေးလ်သတင်းစာက သုံးသပ် ရေးသားခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူတွေဖြစ်တဲ့ ဂယ်ရီကာဟေးလ်နဲ့ ဇက်ပက်ကော်စတာတို့လည်း အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။