ဧရာဝတီတိုင်းထဲ သိမ်းဆည်းမြေဧက ၁၄၀၀ ခန့်ကို မူလပိုင်ရှင်များထံ ပြန်ပေးအပ်
DVB
·
December 12, 2018
ဧရာဝတီတိုင်းဒေသကြီးထဲက သိမ်းဆည်းခံလယ်မြေဧက ၁၄၀၀ လောက်အား တိုင်းအစိုးရက မူလပိုင်ရှင်တွေကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
စိုက်ပျိုးရေးဦးစီးဌာန (ကော်ဖီရာသီ သီးနှံဌာနခွဲ) မှ စွန့်လွှတ်မြေ ၅၈၆ ဧကကို ဖျာပုံမြို့နယ်၊ ကြက်ဖမွှေးဇောင်းကျေးရွာအုပ်စုက တောင်သူလယ်သမား ၁၉၆ ဦး၊ ကျူံကဒွန်းကျေးရွာအုပ်စုက လယ်သမား ၂၂၆ ဦးကို စွန့်လွှတ်မြေဧက ၆၇၇ ဧကတို့ကို ဖျာပုံမြို့နယ်၊ သီရိအဏ္ဏ၀ါခန်းမမှာ ယာယီ လယ်လုပ်ကိုင်ခွင့်ပြုပုံစံ ၃ တွေနဲ့ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက ပြန်လည်စွန့်လွှတ်ခဲ့တဲ့ ညောင်တုန်း မြို့နယ် မြမ္မာပြာသာကျေးရွာအုပ်စု လယ် ၇၃ ဧကထဲမှ တောင်သူလယ်သမား ၁၅ ဦးကို လယ် ၄၃ ဧကအတွက် ပုံစံ ၇ တွေနဲ့ ယာယီ လုပ်ကိုင်ခွင့်ပြုပုံစံ ၃ တွေ ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ကျေင်းကုန်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးရုံးခန်းမမှာ ဒါးကမြစ်ရေတင်စီမံကိန်း (ကညင်ကောက်) မှ စွန့်လွှတ်မြေ ၅၀ ဧကအား တောင်သူ ၁၆ ဦးကိုလည်း ပြန်လည်ပေးအပ်ခဲ့ ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဝန်ကြီးချူပ် ဦးလှမိုးအောင်က မူလပိုင်ရှင်တွေလက်ထဲ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ၅ မြို့နယ်မှ တောင်သူလယ်သမား ၈၉၂ ဦးကို စွန်လွှတ်မြေ ၈၁၉၃ ဧက လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။