ပွဲထွက်အသုံးမပြုသော်လည်း ပေါ့ဂ်ဘာကို ရောင်းချရန် မော်ရင်ဟို ဆန္ဒမရှိ

မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ မော်ရင်ဟိုဟာ ပေါ့ဂ်ဘာကို ပွဲကစားခွင့် မပေးတော့ပေမယ့် ရောင်းချဖို့တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူအသင်းရဲ့ ပွဲစဉ်နှစ်ပွဲစလုံးမှာ အရန်ကစားသမားအဖြစ်ပဲ ပါဝင်ခဲ့ရပြီး မော်ရင်ဟိုကလည်း သူ့ရဲ့ နည်းစနစ်အသစ်မှာ အံမဝင်တာကြောင့် ပွဲထွက်အသုံးမပြုခဲ့တာလို့ သိရပါတယ်။ ပရီးမီးယားလိဂ်နှစ်ပွဲမှာ ပေါ့ဂ်ဘာကို ပွဲထွက်ကစားခွင့် မပေးခဲ့ပေမယ့် ဗလင်စီယာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ပေါ့ဂ်ဘာကို ပွဲထွက်ကစားစေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့မှာကစားမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပေါ့ဂ်ဘာကို ချန်လှပ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ မော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်နေတာကြောင့် အသင်းဟောင်း ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

//
More News
Up