နောက်ခံလူ ဂျိုးဂိုမက်ကို လီဗာပူး သက်တမ်းတိုးစာချုပ် ချုပ်ဆို

ဓာတ်ပုံ - Getty
664
လီဗာပူးအသင်းဟာ နောက်တန်းကစားသမား ဂျိုးဂိုမက်ကို ၂၀၂၄ အထိ ဆက်ရှိနေမယ့် စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဂိုမက်ဟာ ချာလ်တန်အသင်းကနေ ၂၀၁၅ မှာ လီဗာပူးကို ရောက်ရှိလာပြီး ဒီနှစ်ရာသီမှာ လီဗာပူးအတွက် ၁၈ ပွဲ ကစားခွင့် ရထားပါတယ်။
ဒါပေမယ့် ဒီဇင်ဘာ ၅ ရက်နေ့ ဘန်လေကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် အနည်းဆုံး သီတင်းပတ် ၆ ပတ်လောက် အနားယူရတော့မှာပါ။
နောက်တန်းကစားသမား ဂိုမက်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၆ ပွဲ ကစားခွင့် ရထားပါတယ်။