A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဆွာရက်ဇ်ကို အနားပေးမည်ဟု ဘာစီလိုနာနည်းပြ ပြော

စပါးနဲ့ကစားမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ တိုက်စစ်မှူး ဆွာရက်ဇ်ကို အနားပေးမယ်လို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက အတည်ပြုလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီလိဂ် အုပ်စုအဆင့်မှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၁၃ မှတ်နဲ့ ဒုတိယနေရာက စပါးနဲ့ အင်တာမီလန်အသင်းတွေကို ၆ မှတ်ဖြတ်ထားလို့ နောက်တဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် အဓိက ကစားသမားတွေကို အနားပေးဖို့ နည်းပြ ဗယ်လ်ဗာဒီက စီစဉ်ထားပြီး မက်ဆီတောင် ပွဲထွက်ကစားဖို့ မသေချာသေးဘဲ အရန်ကစားသမား အနေနဲ့ပဲ ပွဲထွက်လာဖို့ ရှိနေတာပါ။ အဓိက ကစားသမား ၂ ဦးလောက် အနားပေးဖို့ရှိပေမယ့် စပါးအသင်းက ချန်ပီယံလိဂ်မှာ ဆက်ရှိဖို့ ကြိုးပမ်းလာမှာဖြစ်လို့ မိမိတို့ဘက်က အနိုင်ရဖို့ အာရုံစိုက်ကစားမှာဖြစ်တယ်လို့ ဗယ်လ်ဗာဒီက ပြောပါတယ်။ ဒါ့အပြင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ခြေစွမ်းကိုလည်း ဗယ်လ်ဗာဒီက ချီးကျူးခဲ့ပြီး ကမ္ဘာ့အဆင့် ကစားသမား ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up