A d v e r t i s e m e n t With Us

ဂျာမနီတွင် ရထားလုပ်သားများ ဆန္ဒပြ၊ ရထားခရီးစဉ်များ အနှောင့်အယှက်ဖြစ်

ဂျာမနီနိုင်ငံက ရထားလုပ်သားတွေ ဒီဇင်ဘာ ၁၀ ရက် မနက်က လေးနာရီကြာ ဆန္ဒပြခဲ့ကြတဲ့အတွက် ခရီးဝေးရထားလမ်းကြောတွေ ရပ်ကုန်ပြီး လူစီးရထားတွေနဲ့ ကုန်ရထားတွေ ခရီးစဉ် အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ အစိုးရပိုင် ရထားလုပ်ငန်း ဒွိုက်ခ်ျဘန်းက ပြောပါတယ်။ ဘာလင်၊ မြူးနစ်ခ်ျနဲ့ ဖရန့်ဖာ့တ်မြို့တွေမှာ လူစီးရထားနည်းနည်းသာ လုပ်ငန်းလည်ပတ်နေပြီး နိုင်ငံတလွှား ဒေသတွင်း ရထားပြေးဆွဲမှုတွေကို သိသိသာသာ သက်ရောက်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ရထားလမ်းသမဂ္ဂ EVG နဲ့ ကုမ္ပဏီကြား စနေနေ့က လစာဆွေးနွေးမှု ပျက်အပြီး ခုလို ဆန္ဒပြခဲ့တာပါ။ ရထားလမ်းလုပ်ငန်းက လုပ်သားတွေနဲ့ ပညာရှင်တွေ အများစုကို ကိုယ်စားပြုတဲ့ သမဂ္ဂရဲ့ သတိပေးချက်နဲ့ ခုသပိတ်မှောက်မှုကြောင့် ခရစ္စမတ်ရာသီ ခရီးသွားလုပ်ငန်း အနှောင့်အယှက် ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ "ဒီဆန္ဒပြပွဲကို နားမလည်နိုင်ဘူး၊ လုပ်ခလစာ ညှိနှိုင်းမှုဟာ အတော်ကြီး အဆင့်မြင့်မြင့် ပေးပြီးပြီ၊ ကုမ္ပဏီက လစာတွေကို ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးပေးဖို့ ကမ်းလှမ်းပြီးပြီလို့ ကုမ္ပဏီရဲ့ ပြောခွင့်ရ အာချင်မ် စတောက်စ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up