Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ သုံးခဲ့၍ ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်
Aung Aung Naing
·
December 10, 2018
မန္တလေးမြို့တိုင်း​ဒေသကြီးမှာ မနေ့က ပြုလုပ်ခဲ့တဲ့ အလုပ်သမားတွေ ဆန္ဒထုတ်​​ဖော်ပွဲမှာ ခွင့်ပြုမိန့် တင်​တုန်းက မပါဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုခဲ့တဲ့အတွက်​ ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်လိုက်​ပါတယ်​။ ဆန္ဒထုတ်ဖော်​မှုကို မြန်​မာနိုင်​ငံစက်​မှုလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​ရဲ့ ဦးဆောင်မှုနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံ ၂၀ ​ကျော်​က အလုပ်သမား ၅၀၀ ကျော် ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။ ဆန္ဒထုတ်​​ဖော်​​တောင်းဆိုရာမှာ ခွင့်ပြုမိန့်တင်​ရာမှာ မပါဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ဓာတ်​ပုံကို အသုံးပြုခဲ့လို့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၁၀ (စ) ကို ဖောက်ဖျက်ခဲ့တဲ့အတွက် ဆန္ဒပြဖို့ လျှောက်ထားခဲ့တဲ့ ကိုတင့်ရှိန်စိုးကို ပြည်​ကြီးတခွန်​မြို့နယ်​ စက်​မှုနယ်မြေ ရဲစခန်းမှူး နေမျိုး​အောင်က တရားလိုပြုလုပ်​ပြီး ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စည်တန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ ၂၀နဲ့ အမှုဖွင့်ထားပါတယ်​။ အမှုဖွင့်ခံထားရတဲ့ မြန်​မာနိုင်​ငံ စက်​မှုလက်​မှုနှင့် ဝန်​​ဆောင်​မှု လုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​မှ ကိုတင့်ရှိန်စိုးက “အမှုဖွင့်ထားတာ မသိသေးဘူးဗျ၊ သူတို့ ဘက်ကလည်း လာမပြောသေးဘူး​လေ၊ ဘာမှတ်ချက်မှတော့ မပေးလိုပါဘူး” လို့ ​ပြောပါတယ်​။ ဆန္ဒပြ အလုပ်သမားများက​တော့ သမဂ္ဂခေါင်းဆောင်များအား အလုပ်ထုတ်ပယ်မှု ရပ်တန့်ရေး၊ သမဂ္ဂဖြိုခွဲသူများ အလိုမရှိ၊ စက်ရုံအလုပ်ရုံများအား ဥပဒေနဲ့အညီ စစ်ဆေးပေးရေး၊ အဂတိ လိုက်စားမှု ပပျောက်ရေး ILO ပြဋ္ဌာန်းချက် (၉၈) ကို အစိုးရကအမြန်​ဆုံး လက်မှတ်ရေးထိုးပေးရေး၊ အလုပ်သမား အငြင်းပွားမှု ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး၊ မန္တလေးတိုင်းဒေသကြီးမှာ အလုပ်​သမားအ​ရေးကိုစိတ်​ဝင်​စားတဲ့ အလုပ်သမားဝန်ကြီးကို အမြန်​ဆုံးခန့်အပ်​ထားရေး စတာတွေကို ​တောင်းဆိုဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024