အသတ်ခံရသည့် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီး၏ မိသားစုကို နယူးဇီလန်ဝန်ကြီးချုပ် တောင်းပန်

နယူးဇီလန်ဝန်ကြီးချုပ် ဂျဆင်ဒါအာဒန်က သူ့နိုင်ငံအတွင်း အသတ်ခံရသူ အမျိုးသမီးရဲ့ မိသားစုကို နိုင်ငံကိုယ်စား ဒီဇင်ဘာ ၁ဝ ရက်နေ့က တောင်းပန်လိုက်ပါတယ်။ သူနဲ့ စကားပြောခဲ့တဲ့ နယူးဇီလန် နိုင်ငံသားတွေကလည်း ဒီလို ရာဇဝတ်မှုမျိုး နယူးဇီလန် မြေပေါ်မှာ ဖြစ်ခဲ့တဲ့အတွက် ထိခိုက်နာကျင်မှုနဲ့ အရှက်တရားကို ခံစားရတယ်လို့ အာဒန်က သတင်းထောက်တွေကို ပြောပါတယ်။ အမျိုးသမီးကို သတ်မှုအတွက် တရားစွဲခံထားရတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားဟာ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ အော့ကလန် ခရိုင်တရားရုံးကို ပထမဆုံးအကြိမ် ရောက်လာပါတယ်။ ကမ္ဘာလှည့် ခရီးသည် ဂရေ့စ်မီလာနေဟာ ဒီဇင်ဘာ တရက်နေ့က အော့ကလန် ခရိုင်ထဲမှာ ပျောက်သွားခဲ့တာပါ။ သူအသတ်ခံရပြီး အမှုနဲ့ပတ်သက်တဲ့ ယောက်ျားတယောက်ကို စစ်မေးနေတယ်လို့ ရဲတွေက ဒီဇင်ဘာ ၈ ရက်မှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up