လွင်မိုးအောင်နှင့်စိုးမိုးကျော်တို့ကို ဧရာဝတီအသင်း ခေါ်ယူ

662
ဧရာဝတီယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် ကစားသမားတွေဖြစ်တဲ့ နောက်ခံကစားသမား စိုးမိုးကျော်နဲ့ ကွင်းလယ်ကစားသမား လွင်မိုးအောင်တို့ကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
သူတို့နှစ်ဦးအပြင် ယူ ၂၁ လက်ရွေးစင်ကစားသမား နန်းထိုက်ဇော်ကိုလည်း ၂ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။
ဒီကစားသမား ၃ ဦးဟာ အားကာသိပ္ပံလူငယ်အသင်းက ကစားသမားတွေဖြစ်ပြီး သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာ အတူကစားခဲ့ဖူးပါတယ်။
ကစားသမားသုံးဦးရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ထုတ် ဖော်ပြောကြားမှာ မဟုတ်ကြောင်း ဧရာဝတီအသင်း တာဝန်ရှိသူတဦးကပြောကြားခဲ့ပြီး အနည်းဆုံးမြန်မာကျပ်ငွေ သိန်းရာ ဂဏန်းပေးရဖွယ်ရှိနေပါတယ်။
စိုးမိုးကျော်နဲ့ လွင်မိုးအောင်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ကြသူတွေ ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား လွင်မိုးအောင်ကို ရန်ကုန်ယူနိုက်တက် အသင်းကလည်း အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဧရာဝတီအသင်းက လက်ဦးမူရယူပြီး ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။