A d v e r t i s e m e n t With Us

အာဖရိက ဝက်နာရောဂါ အမေရိကန်အထိ ကူးစက်နိုင်ဟု ပညာရှင်များ သတိပေး

အာဖရိက ဝက်နာရောဂါ ASF ဟာ တရုတ်၊ ရုရှားနဲ့ အရှေ့ဥရောပထိ ပျံ့နှံ့ကူးစက်နေပြီး တနှစ်အတွင်း အမေရိကန်ထိ ကူးစက်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ နယ်စပ် ကာကွယ်ရေးတွေ မလုပ်ရင်၊ ဘေးဖြစ်နိုင်ချေများတဲ့ ဝက်သား ထုတ်ကုန်တွေကို တင်သွင်းမှု မပိတ်ရင် အချိန်တိုအတွင်း ကူးစက်ခံရလိမ့်မယ်လို့ ဇီဝလုံခြုံရေး ပညာရှင်တွေက သတိပေးခဲ့တာပါ။ တကယ်လို့ အမေရိကန်နိုင်ငံမှာ ASF ဝက်နာကူးစက်ခဲ့ရင် ပထမနှစ်မှာတင် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံ ဆုံးရှုံး လိမ့်မယ်လို့လည်း Public Library of Science. သုတေသန ဂျာနယ်က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အမေရိကန် စိုက်ပျိုးရေးဌာန USDA ကတော့ အခြေအနေကို ပြန်လှန် သုံးသပ်နေပြီး နယ်စပ်လုံခြုံရေး အားဖြည့်နေပါတယ်။ တရုတ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာ ကူးစက်အပြီး  USDA က အဓိက ဆိပ်ကမ်းတွေ၊ လေဆိပ်တွေနဲ့ နယ်စပ်ကုန်းကြောင်း ဖြတ်ကူးရေး စခန်းတွေမှာ အနံ့ခံ ခွေးတွေကို သုံးစွဲမှု တိုးမြှင့်ခဲ့ပါတယ်။ ကူးစက်မှု အဆိုးဆုံးဖြစ်ခဲ့တဲ့ တရုတ်နဲ့ရုရှား နိုင်ငံတွေက လေကြောင်းခရီးစဉ်တွေမှာ ခရီးသည်နဲ့ ကုန်စည်တွေကို စစ်ဆေးမှုလည်း တိုးမြှင့်ခဲ့ပါတယ်။ လုပ်ဆောင်ချက်တွေက မလုံလောက်သေးလို့ ချက်ခြင်း အတွင်းကျကျ အပြောင်းအလဲ လုပ်ဖို့ သိပ္ပံပညာရှင်တွေက အမေရိကန်အစိုးရကို ဆော်သြထားတယ်လို့ သဂါးဒီးယန်း သတင်းစာက ဒီဇင်ဘာ ၇ ရက်မှာ အစီရင်ခံပါတယ်။ နိုင်ငံပေါင်း ၁၉ နိုင်ငံထိ အာဖရိက ဝက်နာရောဂါ ကူးစက်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၂၄ ရက်ထိ ဝက်နာရောဂါ ကူးစက်မှုအတွင်း ဝက်ကောင်ရေ ၆ သိန်းကျော်ကို သုတ်သင်ခဲ့တယ်လို့ CCTV သတင်းဌာနက အစီရင်ခံထားပါတယ်။ ဒီဝက်နာရောဂါ ကူးစက်ခံရရင် ဝက်တွေ သေဆုံးနိုင်ပေမယ့် လူကို ကူးစက်မှုတော့ မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up