မြန်မာ-ထိုင်းအမှတ်၂ တံတားစီမံကိန်း အဆောက်အုံတချို့ အလွတ်သဘောလွှဲပြောင်း
DVB
·
December 9, 2018
မြန်မာ-ထိုင်းအမှတ်၂ တံတားစီမံကိန်း အဆောက်အုံတချို့ အလွတ်သဘောလွှဲပြောင်းမှုကို ဒီဇင်ဘာ ၇ ရက်နေ့မနက်ပိုင်းက ထိုင်းနိုင်ငံဘက်က အမှတ် ၂ တံတားကော်မတီရုံးမှာ ကျင်းပခဲ့ပါတယ်။
လွဲအပ်တဲ့နေရာမှာတော့ ထိုင်းနိုင်ငံဘက်က အာရှဟိုင်းဝေး တာဝန်ရှိသူတွေ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထိုင်းလဝက အရာရှိတွေ တက်ရောက်ပြီး မြန်မာနိုင်ငံဘက်ကတော့ ကရင်ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီး ဦးစောမြင့်ဦး ဦးဆောင်ပြီး လမ်းတံတား၊လူဝန်မူကြီးကြပ်ရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့်ဌာနဆိုင်ရာတွေက သက်သေအဖြစ်ပါဝင်ကြပါတယ်။
မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် ၂ စီမံကိန်းအတွက် စားသောက်ကုန် စစ်ဆေးရေးဌာန လဝကဌာနတွေကို သင်တန်းပုံစံအဖြစ် ဆောက်လုပ်ပြီးစီးခဲ့တာပါ။
မြန်မာ-ထိုင်း နယ်စပ် အမှတ် ၂ တံတားဟာ ထိုင်းနိုင်ငံဘက်ကနေ ၁၇ ကီလိုမီတာအကွာမှာရှိပြီး မြန်မာဘက်ကနေတော့ ၄ ကီလိုမီတာ အကွာရှိပြီး လမ်းနဲ့တံတားကို ထိုင်းအစိုးရဘက်ဂျက် ဘတ်သန်း ၄၂၆ဝ နဲ့ တည်ဆောက်နေတာပါ။
ဒီတံတားကို ၂ဝ၁၉ ဧပြီလကုန်ပိုင်းမှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်လို့ စီမံကိန်းမှာ ပါဝင်သူတွေက ပြောပါတယ်။