အီတလီ နိုက်ကလပ်တခုတွင် လူစုပြုံတိုးဝှေ့မှုကြောင့် ၆ ဦးသေ၊ ၁ဝဝ ကျော် ဒဏ်ရာရ

အီတလီနိုင်ငံ အန်ကိုနာပြည်နယ် ကော်ရင်နာဒိုမြို့မှာ ဒီဇင်ဘာ ၈ ရက်နေ့ အစောပိုင်းက နိုက်ကလပ်တခုမှာ လူစုပြုံတိုးဝှေ့မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါနေရာကို အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်လာပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၁၂ ဦးဟာ စိုးရိမ်ရတယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။ နိုက်ကလပ်အတွင်း မျက်ရည်ယိုဓာတ်ငွေ့လိုမျိုး ဖျန်းခဲ့ပြီးနောက် လူတွေ အထိတ်တလန့် ပြေးလွှားခဲ့ကြတယ်လို့ တချို့သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီ ကလပ်ထဲမှာ ရပ်ပါအဆိုတော် စဖဲရာအစ်ဘတ်စတာရဲ့ ဖျော်ဖြေပွဲပြုလုပ်နေပြီး လူ ၁၀၀၀ လောက် ရှိတယ်လို့ ယုံကြည်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up