Home
မြန်မာသတင်း
မြောက်ဦးတွင် ဆီအရောင်းဆိုင် မီးလောင်၊ ဆိုင်ခန် ၉ ခန်းနှင့် ဆီပေပါများ ပျက်စီးဆုံးရှုံး
DVB
·
December 9, 2018
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၊ ဆီအရောင်းဆိုင်မှာ မနေ့ညနေ ၅ နာရီကျော်လောက်က မီးလောင်ကျွမ်းမှုကြောင့် ဆီဆိုင်ခန်း ၉ ခန်းနဲ့ ဆီပေပါ အလုံး ၉၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဆီပေပါထဲ ဆီထည့်စဉ် ဆီဂေါက်ပြုတ်ကျလို့ မီးပွားစင်ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုကို မြောက်ဦးခရိုင်မီးသတ်နဲ့ မြောင်းဘွေနယ်မြေမီးသတ်စခန်းတို့မှ  တပ်ဖွဲ့ဝင် အယောက် ၉၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့လို့ ည ၇း၄၅ မိနစ် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် သွပ်မိုး၊ သွပ်ကာ၊ မြေစိုက် (၈×၈×၁၃) ပေ ဆီဆိုင်ခန်း ၉ ခန်း၊ ဒီဇယ်  ပေပါ ၆၀၊ ဓာတ်ဆီ ၅ ပေပါ၊ အောက်တိန်း ပေပါ ၂၀၊ ပရီမီယံ ၅ ပေပါ စုစုပေါင်းဆီပေပါ အလုံး ၉၀ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လူနဲ့တိရစ္ဆာန် ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024