A d v e r t i s e m e n t With Us

လီဗာပူးက ဆာလက်ခ်ျ၏ ဟက်ထရစ် သွင်းဂိုးဖြင့် ဘုန်းမောက်ကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နာမည်ကြီး လီဗာပူးအသင်းက ဘုန်းမောက်အသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဘုန်းမောက်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဆာလက်ခ်ျ ၂၅၊ ၄၈ မိနစ်နဲ့ ၇၇ မိနစ်တွေမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး ၁ ဂိုးကိုတော့ ပွဲချိန် ၆၈ မိနစ်မှာ ဘုန်းမောက်ကစားသမား  စတိကုတ် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ဘုန်းမောက်အသင်းဟာ လီဗာပူးတိုက်စစ်မှူး ဆာလက်ခ်ျရဲ့ ထိုးဖောက်မှုတွေကို မထိန်းချုပ်နိုင်ခဲ့ဘဲ ဂိုးတွေ ခွင့်ပြုခဲ့ရတာလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ လီဗာပူးအသင်းက ၁၆ ပွဲကစား ရမှတ် ၄၈ မှတ်နဲ့ အဆင့် ၁ မှာ ရပ်တည်နေပြီး ဘုန်းမောက်ကတော့ ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up