မန်ယူ ၄-၁ ဖူဟမ်၊ အာဆယ်နယ် ၁-၀ ဟက်ဒါဖီးလ် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီး မန်ယူနဲ့ အာဆင်နယ်အသင်းတို့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။ အာဆင်နယ်ကတော့ အိမ်ကွင်းမှာ ဟက်ဒါဖီးလ်အသင်းကို  ၁ ဂိုးဂိုးမရှိနဲ့ အနိင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်အသာစီးယူကစားနိုင်ခဲ့တာဖြစ်ပြီး တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၃ မိနစ်မှာ လူးကပ်စ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဖူဟမ်အသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းဟာ ပထမပိုင်းမှာပွဲကို ထိန်းချုပ်ကစားသွားခဲ့ပြီး အနိုင်ဂိုးတွေကို အက်ရှ်လေယန်း၊ မာတာနဲ့ လူကာကူတို့က ၁ ဂိုးစီ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဖူဟမ်အသင်းက ပြန်လည် ထိုးဖောက်ကစားနိုင်ခဲ့တာကြောင့် ပွဲချိန် ၆၇ မိနစ်မှာ မန်ယူ နောက်ခံလူ  ရိုဂျိုရဲ့ အမှားကနေ ဖူဟမ်က ပင်နယ်တီရရှိခဲ့ပြီး ကာမလာက သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်မှာတော့ ဖူဟမ်အသင်းကစားသမား အန်ဒရီဇန်ဘိုကို ရပ်ခ်ျဖို့ဒ်က ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။ မန်ယူအတွက် နောက်ဆုံး ဂိုးကိုလည်း ရပ်ခ်ျဖို့ဒ်က ပွဲချိန် ၈၂ မိနစ်မှာ သွင်းယူခဲ့တာပါ။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အာဆင်နယ်က ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၅၊ မန်ယူက ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၆၊ ဟက်ဒါဖီးလ်က ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၈၊ ဖူဟမ်ဟ ၉ မှတ်နဲ့ အဆင့် ၂၀ မှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up