Home
မြန်မာသတင်း
ရှမ်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးရရန်လိုဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြော
DVB
·
December 8, 2018
ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်​​ ငြိမ်းချမ်းရေးရဖို့ လိုအပ်တယ်​လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ရှမ်းနှစ်သစ်ကူးပွဲ​တော်​ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်​။ ၂၁၁၃ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း ၆၅ လမ်း နှဲ့ ၆၆ လမ်းကြားက ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်းမှာ ဒီဇင်ဘာ ၇ ရက်နေ့ညက စည်​ကားစွာကျင်းပခဲ့တာပါ။ “ကျနော် ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်တာ မြင်ချင်ပါတယ်။ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့လိုပါတယ်။ ဒါတွေ ကျနော်တို့ ကြိုးစားသင့်တယ်​” လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က​ ပြောပါတယ်​။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေနဲ့ အဓိကလုပ်ဆောင်နေတဲ့ အရာဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အဓိကကျတယ်​လို့ ဆိုပါတယ်​။ `ကျနော် ဗမာစစ်စစ်ပါ၊ ဒါပေမယ့် ကျနော့်ရင်ထဲမှာ အမြဲရှိနေတာက တိုင်းရင်းသားအားလုံးကို ချစ်တတ်တဲ့ ဗမာတစ်ဦးပါ။ ကျနော် အသက်ရှင်နေသမျှကာလပတ်လုံး ကျနော့်ညီကိုမောင်နှမတွေအတွက် ပေးဆပ်သွားမယ်လို့ ကတိပေးပါတယ်။” လို့ ဒေါက်တာဇော်မြင့်မောင်က ​​ပြောပါတယ်​။ ရှမ်းတိုင်းရင်းသားနှစ်​ကူးပွဲ​တော်​ကို မန္တ​လေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်​တွေ၊ လွှတ်​​တော်​ကိုယ်​စားလှယ်တွေ၊ တိုင်းရင်းသားညီ​နောင်​တွေ တက်​​ရောက်​ခဲ့ကြပြီး ရှမ်ရိုးရာဝတ်​စားဆင်​ယဉ်​မှုတွေ၊ အကတွေနဲ့ ဧည့်ခံခဲ့ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024