ပြင်သစ်နိုင်ငံ ဆန္ဒပြပွဲအတွင်း အထက်တန်းကျောင်းသားများ ပါဝင်လာ

1K
ပြင်သစ်နိုင်ငံအတွင်း သီတင်းပတ်ချီကြာမြင့်နေတဲ့ ဆန္ဒပြပွဲမှာ အထက်တန်းကျောင်း သားတွေလည်း ပါဝင်လာကြပါတယ်။
ဆန္ဒပြပွဲတွေ အရှိန်မြင့်နေတဲ့ ပြင်သစ်နိုင်ငံမှာ ဒီဇင်ဘာလ ၇ ရက်နေ့က အထက်တန်း ကျောင်းသားတွေ ဆန္ဒပြခဲ့ပါတယ်။
သမ္မတမာခွန်းရဲ့ လောင်စာဈေးမြင့်တက်စေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်တဲ့ “အင်္ကျီဝါ ဆန္ဒပြပွဲ” အတွင်း ဆန္ဒပြကျောင်းသားတွေ တဖြည်းဖြည်း ပါဝင်လာကြပါတယ်။
“ရာသီဥတုပြောင်းလဲမှု လှုပ်ရှားမှုတွေ၊ အင်္ကျီဝါ လှုပ်ရှားမှုတွေနဲ့ လူမှုရေး မငြိမ်သက်မှုတွေ ဖြစ်နေပါတယ်။ ကျနော်တို့က အဲဒီလှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသလိုပါတယ်။ ကျနော်တို့ အသံကို အစိုးရကို ကြားစေလိုပါတယ်။” လို့ အထက်တန်း ကျောင်းသား ယန်နီပန်နာဆာက ပြောပါတယ်။
ရာနဲ့ချီတဲ့ အထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲဟာ ပြည်သူ့ရင်ပြင်ရှိရာ ရောက်လာခဲ့ပြီး အဲဒီမှာ ကျောင်းသားတွေက အမှိုက်ပုံးတွေကို မီးရှို့ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီဆန္ဒပြပွဲမှာ အကြမ်းဖက်မှု တစုံတရာ မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံဟာ နောက်ထပ် အကြမ်းဖက် ဆန္ဒပြမှုတွေဖြစ်ပေါ်မယ့် အလားအလာနဲ့ ကြုံတွေ့နေပါတယ်။
သမ္မတ မာခွန်းဟာလည်း လူနေမှုစရိတ်မြင့်တက်မှုကြောင့် အုံကြွလာတဲ့ ပြည်သူတွေရဲ ဒေါသစိတ်ကို ဖြေသိမ့်ဖို့ ကြိုးပမ်းနေပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ဒီသတင်းပတ်အစောပိုင်းမှာ သမ္မတမာခွန်းက နိုင်ငံကို မိန့်ခွန်းပြောကြားမယ်လို့လည်း အကြီးတန်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။