Home
မြန်မာသတင်း
လုံခြုံရေးအဆင့်မြှင့်ထားသည့် ယာယီနယ်စပ်ဖြတ်ခွင့်လက်မှတ် ကော့သောင်းတွင် ထုတ်ပေး
DVB
·
December 8, 2018
လုံခြုံရေးအဆင့်မြှင့်ထားပြီး QR ကုတ်ပါဝင်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနယ်စပ်ဂိတ်မှာ ဒီနေ့မနက်ပိုင်း စတင်ထုတ်ပေးခဲ့ပါတယ်။ ယာယီနယ်စပ်ဖြတ်သန်းခွင့် Temporary Border Pass(TBP) က ၆ ညအိပ် ၇ ရက်ခွင့်ပြုချက်ရမှာဖြစ်ပြီး Border Pass (BP) က ၁၃ ညအိပ်  ၁၄ ရက်ခွင့်ပြုချက်ရမှ ဖြစ်ကာ အလုပ်လုပ်ခွင့်မဟုတ်ဘဲ အလည်အပတ်အတွက်သာ ထုတ်ပေးတာလို့ သိရပါတယ်။ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကို ကော့သောင်းခရိုင်အတွင်းက လူတွေအပြင် မြန်မာနိုင်ငံအတွင်းက မည်သူမဆို နိုင်ငံသား စိစစ်ရေးကတ်တခုရှိတာနဲ့ အလွယ်တကူပြုလုပ်လို့ရပြီး ကော့သောင်းခရိုင်အတွင်း နေထိုင်တဲ့သူတွေအတွက်ကတော့ အိမ်ထောင်စု သန်းခေါင်စာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ရှိရင် Border Pass (BP) လုပ်ထားလို့ ရကြောင်း လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ နယ်စပ်ဒေသတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုက ပြောပါတယ်။ “စိစစ်ရေးကတ်ပြားပါရင် ကျနော်တို့က ကတ်ပြားကို လူနဲ့တိုက်စစ်မယ်၊ ပြီးရင် ကင်မရာက မှတ်တမ်းတင်ပြီးသွားရင် ကတ်ပြားထုတ်တယ်၊ ပြီးရင် အခငွေ ၁ဝဝဝ ကျပ်ကောက်တယ်။ ဒီငွ ၁ဝဝဝ က ဘာဖြစ်လို့ကောက်တာလဲဆိုရင် ကတ်ပြားဖိုးက နိုင်ငံတော်က သတ်မှတ်ထားတာ ၅ဝဝ နဲ့ နယ်စပ်ဖြတ်သန်းခ ၅ဝဝ ပေါင်း ၁ဝဝဝ ကောက်တယ်။ ပြီးရင် အထွက်တုံးထုပြီး တခါတည်းသွားလို့ ရပြီပေါ့။ ပြန်လာတဲ့အခါ ဒီကတ်တွေကို မွေတော်ကျွန်း စစ်ဆေးရေးဂိတ်မှာ ပြန်သိမ်းမှာဖြစ်တယ်။” ကတ်ပြားလုပ်တဲ့နေရာမှာ အရင်လို မိတ္တူကူးရတာတို့၊ ကတ်ပြားစောင့်နေရေတာတို့ မရှိတောတဲ့အတွက် ခရီးသွားတွေ လွယ်ကူသွားတယ်လို့ သိရပါတယ်။   လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024