နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ သန်း သတ်မှတ်ချက် လက်မခံဟု UMFCCI ပြော
DVB
·
September 5, 2012
လက်ရှိ လွှတ်တော်ထဲမှာ ဆွေးနွေးနေဆဲဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမှာ နိုင်ငံခြားကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းဆုံး ဒေါ်လာ ၅ သန်း သတ်မှတ်ထားတာကို လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ထုတ်ဖော်ပြောဆိုပါတယ်။
မနေ့ ညနေပိုင်းက ပြုလုပ်တဲ့ UMFCCI အသင်းရုံး ဆွေးနွေးပွဲမှာ အခုလို ပြောလိုက်တာပါ။
နိုင်ငံခြား ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ သန်း သတ်မှတ်လိုက်ရင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်မယ့် မြန်မာကုမ္ပဏီတွေကလည်း ဒီ ပမာဏလောက် ရင်းနှီးမြှုပ်နှံရမှာဖြစ်လို့ ခရိုနီတွေနဲ့ လက်တဆုတ်စာ လုပ်ငန်းရှင်ကြီးတွေလောက်ပဲ လုပ်ကိုင်ခွင့်ရမှာဖြစ်ပြီး ကျန် အလတ်စား ကုမ္ပဏီတွေကတော့ ငွေအရင်းအနှီး မတတ်နိုင်တဲ့အတွက် လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ၀န်ကြီး ဦးစိုးသိန်းကလည်း အခုလို သဘောထားမျိုး ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။