Home
မြန်မာသတင်း
ကညွတ်ကွင်းမြို့ အမှိုက်ပုံမီးလောင်မှုမဖြစ်ရေး စတင်ရှင်းလင်း
DVB
·
December 8, 2018
ပွင့်လင်းရာသီမှာ အမှိုက်ပုံမီးလောင်မှု မဖြစ်စေဖို့နဲ့ မြို့ရဲ့သာယာလှပမှုကို မထိခိုက်စေဖို့ ရည်ရွယ်ပြီး ကညွတ်ကွင်းမြို့ရဲ့ အမှိုက်ပုံအား စနစ်တကျဖြစ်ဖို့ စတင်ရှင်းလင်းနေတယ်လို့ မြို့နယ်စည်ပင်သာယာလုပ်ငန်းကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။ ကညွတ်ကွင်းမြို့ စည်ပင်အမှိုက်ပုံကို ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ ရှင်းလင်းနေတာဖြစ်ပြီး အမှိုက်ကန်အတွင်း အမှိုက်တွေကို စနစ်တ ကျထည့်သွင်းသွားမှာဖြစ်သလို နောက်လည်း စည်ကမ်းမဲ့ လာရောက်စွန့်ပစ်မှုတွေကိုလည်း ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။ "မိုးတွင်းကာလတုန်းက အမှိုက်ကန်ထဲကို အမှိုက်ကား ဝင်မရတော့ စွန့်ပစ်တာက စည်းကမ်းမကျဘူး၊ လူမြင်လို့မကောင်းဘူးဖြစ်တယ်။ နောက်နွေရာသီ ရောက်တဲ့အချိန်မှာ လမ်းသွား လမ်းလာတွေရဲ့ မီးပေါ့စမှုကြောင့် လောင်တာတွေရှိသလို အမှိုက်ပုံကကြာလာတဲ့လည်း ဓာတ်ပြုပြီး မီးလောင်တာတွေရှိတယ်။ ဒီလိုလောင်တဲ့အခါမှာ ဘေးပတ်ဝန်းကျင်က ကျေးရွာတွေနဲ့မြို့အတွက်ပါ အန္တရာယ်ရှိလာနိုင်တယ်၊ ဒါတွေမဖြစ်အောင် ကြိုတင်ပြီး ရှင်းထားတာပါ" လို့ မြို့နယ်စည်ပင်လုပ်ငန်းအဖွဲ့ဝင် ဦးလှမောင်က ပြောပါတယ်။ အခုအမှိုက်ပုံရှင်းလင်းမှုကို မြို့ပေါ်ရှိ စေတနာရှင်တွေရဲ့ အလှူငွေနဲ့ ရှင်းလင်းခဲ့တာဖြစ်ပြီး ရှင်းလင်းရာမှာ ပါဝင်တဲ့ ယာဉ်တွေကတော့ ဌာနပိုင်ယာဉ်တွေအပြင် မြို့ပေါ်ရှိ လုပ်ငန်းရှင်တွေကလည်း ကူညီခဲ့ကြတယ်လို့ သိရပါတယ်။ စည်ပင်ဌာနမှ စွန်ပစ်တဲ့ အမှိုက်တွေကို ထိန်းချုပ်ရာမှာ လွယ်ကူမှုရှိပေမယ့် မြို့ပေါ်ရှိ လုပ်ငန်းရှင်တွေ လာရောက်စွန့်ပစ်တဲ့ အမှိုက်တွေကို ထိန်းချုပ်ဖို့ အခက်အခဲရှိကြောင်း၊ နောက်ပိုင်း လုပ်ငန်းရှင်တွေကို ပညာပေးစည်းရုံးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ထပ်မံ စည်းကမ်းမဲ့ စွန်ပစ်မှုတွေရှိလာပါက အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အရင်က ကညွတ်ကွင်းမြို့မှ ထွက်ရှိတဲ့ အမှိုက်တွေကို စွန်ပစ်ဖို့ သတ်မှတ်မြေနေရာမရှိခဲ့ဘဲ မြို့ပြင်မှာ သွားရောက်စွန့်ပစ်ရတာပါ။ အခုအမှိုက်စွန့်ပစ်နေရာကို စနစ်တကျစွန့်ပစ်လာတာ ၄ နှစ်လောက် ရှိလာပြီဖြစ်ပြီး နေ့စဉ်အမှိုက် ၄ တန်လောက် ထွက်ရှိကာ စည်ပင်က သိမ်းဆည်းပေးနေတာလို့ သိရပါတယ်။ သတင်း- ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024