ရေခဲနေတဲ့ မင်းတပ်မြို့ (ဓာတ်ပုံ)
DVB
·
December 8, 2018
ချင်းပြည်နယ်မှာ ရေခဲနေတာကို ဒီဇင်ဘာပထမပတ်ထဲမှာ တွေ့ရတာပါ။ မင်းတပ်နဲ့ မတူပီကြား ၁၂ မိုင်ကနေ ၁၈ မိုင်ကြားမှာ ခဲနေတာလို့ ဓာတ်ပုံရိုက်ခဲ့သူက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့က မင်းတပ်မှာ အနိမ့်ဆုံးအပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး ပထမပတ်ထဲမှာတော့ ပျမ်းမျှ ၁၂ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့ကတော့ မြန်မာတနိုင်ငံလုံးမှာ အအေးဆုံးဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်က ၀ ဒီဂရီ စင်တီဂရိတ်၊ ဒီဇင်ဘာ ၁ ရက်နေ့က ၂ ဒီဂရီစင်တီဂရိတ် ရှိခဲ့ပါတယ်။
ဓာတ်ပုံ - Ĥkl Mindat