A d v e r t i s e m e n t With Us

တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဘောလုံးကောက်ပေးသည့် ခွေးလေးများ(ရုပ်သံ)

ဒီဇင်ဘာလ ၆ ရက်နေ့က လန်ဒန်မြို့မှာကျင်းပတဲ့ တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဘောလုံးကောက်မိန်းကလေးတွေအစား လေ့ကျင့်ပေးထားတဲ့ခွေးတွေကို အသုံးပြုခဲ့ပါတယ်။ ပုံမှန်အားဖြင့် တင်းနစ်ပွဲတွေမှာ တင်းနစ်ရိုက်ရင်းကျတဲ့ ဘောလုံးတွေကို ဘောလုံးကောက် မိန်းကလေးတွေက ကောက်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဇင်ဘာ ၆ ရက်နေ့က လန်ဒန်မြို့မှာကျင်းပတဲ့ တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဘောလုံးကောက် မိန်းကလေးတွေအစား လေ့ကျင့်ပေးထားတဲ့ခွေးတွေကို အသုံးပြုခဲ့ပါတယ်။ “ပုံမှန်တော့ သူတို့က အောက်ကျသွားတဲ့ ဖောင်တိန်တို့၊ ရူဘူးတို့ကို ကောက်ပြီး ကျမတို့ကို လာပြန်ပေးတယ်။ ဒါပေမယ့် တင်းနစ်ဘောလုံးတွေနဲ့တော့ မလေ့ကျင့်ဖြစ်ဘူး။ ဒါကြောင့် ကျမတို့ တင်းနစ်ကွင်းတွေသွားပြီး တင်းနစ်ကစားတဲ့ သူတွေအနားမှာ လေ့ကျင့်တယ်။ ပြီးတော့ ဒီနေ့ဆိုရင် တင်းနစ်ဘောလုံးကောက်တာနဲ့ ပုဝါယူပေးတာတွေကို လေ့ကျင့်တယ်” လို့ မသန်စွမ်းသူများ စောင့်ရှောက်ရေး မန်နေဂျာကပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လေ့ကျင့်ပေးထားတဲ့ ခွေးတွေကို တင်းနစ်ပြိုင်ပွဲမှာ ပွဲထုတ်ခဲ့ပါတယ်။ တင်းနစ်ပြိုင်ပွဲတွေမှာ ခွေးတွေကို ထည့်သွင်းအသုံးပြုတာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ဘရာဇီးအိုးပင်း တင်းနစ်ပြိုင်ပွဲမှာတုန်းကလည်း သူတို့ကို အသုံးပြုဖူးပါတယ်။ တင်းနစ်ပြိုင်ပွဲ မစတင်ခင် အဲဒီလို အသုံးချတာနဲ့ပတ်သက်လို့ ဗြိတိန် နံပါတ် ၁ တင်းနစ် ကစားသမားဟောင်း တင်မ်ဟန်မန်က ဟာသနှောပြီး “လူတွေပြောကြပါတယ်။ ကလေးတို့ ခွေးတို့နဲ့ ပတ်သက်ရင် မလုပ်ကြနဲ့တဲ့။” တင်းနစ်နဲ့ခွေး မရောထွေးနဲ့လို့ လူတွေပြောကြတာကို ဘာပြောချင်ပါသလဲလို့ မေးရာမှာတော့ သူက “သူတို့ပြောတာ မှန်ကောင်းမှန် နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ခွေးတွေနဲ့ စမ်းလုပ်ကြည့်မှာပါ” လို့လည်း တင်းနစ်ကစားသမားဟောင်း တင်မ်ဟန်မန်က ပြောခဲ့ပါတယ်။ အဆိုပါ လန်ဒန်မြို့ Royal Albert Hall မှာ ပြုလုပ်တဲ့ တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up