Home
သတင်းဓာတ်ပုံ
ရှမ်းနှစ်​သစ်​ကူး ​တောင်​ကြီးတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
December 8, 2018
ရှမ်းတိုင်းရင်းသားများ ​ကောက်​သစ်​စားပွဲ​ခေါ် ရှမ်းသက္ကရာဇ်​ ၂၁၁၃ ခုနှစ်​ နှစ်​သစ်​ကူးကို ဒီဇင်​ဘာ ၇ ရက်​ ​တောင်​ကြီးမြို့ ရှမ်းစာ​ပေနဲ့ယဉ်​​ကျေးမှု ခန်းမမှာ ကျင်းပခဲ့ပါတယ်​။ အဓိက ရှမ်းတိုင်းရင်းသား​တွေ စည်းလုံးညီညွတ်​မှုရှိ​အောင်​ ရှမ်းစာ​ပေနဲ့ယဉ်​​ကျေးမှုအဖွဲ့က ဦး​ဆောင်​ပြုလုပ်​တာဖြစ်​ပါတယ်​။ ရှမ်းနှစ်​သစ်​ကူးပွဲမှာ ရိုးရာအက​တွေ၊ ကိန္နရီ ကိန္နရာအက​တွေ၊ အလှူပ​ဒေသာပင်​လှည့်တာ​တွေနဲ့ ရိုးရာပြိုင်​ပွဲ​တွေ စည်​ကားစွာပြုလုပ်​ခဲ့ပါတယ်​။ ဒါ့အပြင်  မီးပုံပွဲ​တွေ၊ show ပွဲ​တွေပြုလုပ်​ပြီး ၁၂ နာရီ​ကျော်​အထိ ရှမ်းသက္ကရာဇ်​၂၁၁၃ ခုနှစ်​ကို ကြိုဆိုကြမှာဖြစ်​ပါတယ်​။ ရှမ်းနှစ်​သစ်​ကူးကို နှစ်​စဉ်​ မြို့နယ်​အလိုက်​ စာ​ပေနဲ့ယဉ်​​ကျေးမှုအဖွဲ့က ကျင်​ပပြုလုပ်​တာရှိသလို ရှမ်းစာ​ပေနဲ့ယဉ်​​ကျေးမှု ဗဟိုကလည်း ​ဒေသကို အလှည့်ကျ တ​နိုင်​ငံလုံး အတိုင်းအတာ ပြုလုပ်​တာလည်းရှိပြီး လားရှိုးမြို့မှာ ဒီနှစ်​ ကျင်းပတာဖြစ်​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024